သာယာဝတီမြို့နယ် စံရွေးကျေးရွာတွင် မြစ်ရေတက်ပြီးမြစ်ကမ်းပါးပြိုကျမှုများကြောင့် နေအိမ် ၉ လုံးအား ကြိုတင်ပြောင်းရွှေ့ပေး

PUBLISHED - August 25, 2023
နေပြည်တော်၊ ဩဂုတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာတွင် သြဂုတ်လ ၂၄ ရက်နေ့၊ မွန်းလွဲ ၁ နာရီ ၂၀ အချိန်ခန့်၊ မြစ်မခမြစ်ရေတက်ပြီး မြစ်ကမ်းပါးပြိုကျမှုများဖြစ်ပွားနေမှုကြောင့် နေအိမ် ၉ လုံးအား ကြိုတင်ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။
နေအိမ်များပြောင်းရွှေ့ရန်အတွက် သာယာဝတီခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ ပဲခူး မြို့နယ်မီးသတ်စခန်း၊ သုံးဆယ်နယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#PeopleMedia