• Follow Us on
Latest News

Home သာယာဝတီမြို့တွင် နေ့လည် ၁၂ နာရီမှ မနက် ၄ နာရီအထိ အပြင်မထွက်ရ အမိန့်ထုတ်

သာယာဝတီမြို့တွင် နေ့လည် ၁၂ နာရီမှ မနက် ၄ နာရီအထိ အပြင်မထွက်ရ အမိန့်ထုတ်

Share this post

နေပြည်တော်၊ ဇူလိုင် ၂၀ (People Media)

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့မှာ ကိုဗစ်ရောဂါကူးစက်သူဦးရေများလာတဲ့အတွက် ဇူလိုင်လ ၁၉ ရက်နေ့မှ စတင်၍ နေ့လည်  ၁၂ နာရီမှ မနက် ၄ နာရီအထိ မည်သူမှ အပြင်မထွက်ရန် အမိန့်တစ်ရပ်ကို  ပဲခူးတိုင်းဒေသ ကြီး သာယာဝတီမြို့ ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။

 

ယင်းသို့ထုတ်ပြန်သည့်အချိန်အတွင်း မည်သူမှ အပြင်မထွက်ရန် လိုအပ်ပြီး ယင်းသတ်မှတ်ချိန်ကျော်လွန်မှသာ ကျန်းမာရေးကိစ္စများ ဆောင်ရွက်ခြင်း၊ နာရေးကိစ္စဆောင်ရွက်ရန်နှင့် ဌာနဆိုင်ရာ တာဝန်ကျကိစ္စများကို ထောက်ခံချက်များနှင့် သွားလာခွင့်ပြုမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

သာယာဝတီမြို့တွင် ကိုဗစ်ရောဂါ ကူးစက်မှုများနေသည့်အတွက် နေအိမ်ပြင်သို့ ထွက်ခွာပါက Stay At Home မြို့နယ်များမှ လိုက်နာရမည့် သတ်မှတ်ချက်အချက် (၉) ချက်အား လိုက်နာရန်လိုအပ်မည်ဖြစ်ပြီး သတ် မှတ်ချက်များကို ကျော်လွန်ကာ ခွင့်ပြုချက်မရှိပဲ ပြင်ပသို့ ထွက်ခွာသွားလာပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူဆောင်ရွက်ခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇူလိုင်လ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့တွင် ကိုဗစ်ရောဂါ ကူးစက်ခံရသူဦးရေ ၇၀၀ ကျော်ရှိပြီး သေဆုံးသူဦးရေ ၃၀ ကျော်ရှိလာ တယ်လို့ သိရပါတယ်။

 

#People Media #Bago Region #COVID-19

 

(unicode)


………………………………………

 


 


 


 


 


 

#People Media #Bago Region #COVID-19


Share this post