သာဝတ္ထိမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ကျောင်းဖယ်ရီယာဉ်တစ်စီး ဘရိတ်ပေါက်၍ တိမ်းမှောက်ရာ ကိုရင်တစ်ပါးနှင့် ကျောင်းသားတစ်ဦး သေဆုံးပြီး (၁၈) ဦးဒဏ်ရာရ

PUBLISHED - February 14, 2025
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သာဝတ္ထိမြို့၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ကျောင်းဖယ်ရီယာဉ်တစ်စီး ဘရိတ်ပေါက်၍ တိမ်းမှောက်ရာ ကိုရင်တစ်ပါးနှင့် ကျောင်းသားတစ်ဦး သေဆုံးပြီး ကျောင်းသားကျောင်းသူ (၁၈) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၃ ရက် ညနေ (၃) နာရီကျော်တွင် သာဝတ္ထိမြို့၊ အ-ထ-က (၆) မှ ကျောင်းဖယ်ရီယာဉ်တစ်စီး မှာ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဘရိတ်ပေါက်၍ လမ်းဘေးတိမ်းမှောက်ရာ ဖြစ်စဉ်နေရာသို့ ဒေသခံလူမှုကူညီရေးအသင်းတို့မှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။
“စုစုပေါင်း ကိုရင်အပါ ကျောင်းသူ၊ ကျောင်းသား (၂၀)၊ ယာဉ်မှောက်တော့ ခေါင်းခန်းမှာ ထိုင်တဲ့ကိုရင် တစ်ပါးက ဖြစ်ပြီး နာရီဝက်လောက်နေပြီး ပျံလွန်တော်မူတယ်။ ကျောင်းသားတစ်ယောက်က ည ၁၁ နာရီမှာ ဆုံးသွားတယ်။ ကျန်တဲ့ (၁၈) ယောက်ထဲကမှ (၅) ယောက်က ညခင်းဆေးရုံကပြန်ဆင်းရတယ်။ နောက်ဆုံး ကျန်တဲ့သူ (၁၃) ယောက်ကတော့ ဆေးရုံတတ်နေရတယ်။ အဲ့ထဲကမှ (၄) ယောက်က အရေးပေါ်တင်ထား တယ်။ သူတို့ကို ကုတင်တစ်ထောင်ဆေးရုံကို ပို့လိုက်တယ်” လို့ မြေပြင်အားသွားရောက်ကူညီသည့် လူမှုကူညီရေးအသင်းမှ သိရသည်။
ထိုယာဉ်တိမ်းမှောက်မှုကြောင့် သာဝတ္ထိမြို့၊ အ-ထ-က (၆) ကျောင်းတွင် ကျောင်းတတ်ရောက်နေသည့် Grade-11 မှ ကိုရင်တစ်ပါးနှင့် ကျောင်းသားတစ်ဦးတို့ သေဆုံးသွားကြောင်း သိရသည်။
Photo – Credit
#PeopleMedia