သာသနာ႔ေရႊသစ္ပင္ေက်ာင္း၌ ဝါးမ်ားျဖင့္ ႏွစ္ရည္ခံ ဝါးေက်ာင္းေဆာင္မ်ား ေဆာက္လုပ္

PUBLISHED - December 28, 2019
မိုးညႇင္း၊ ဒီဇင္ဘာ ၂၈
ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ႕နယ္၊ ထန္းတစ္ပင္ေက်းရြာရွိ သာသနာ႔ေရႊသစ္ပင္ ဘုန္းေတာ္ႀကီးေက်ာင္း၌ ဝါးမ်ားျဖင့္ ႏွစ္ရွည္ခံ ဝါးေက်ာင္းေဆာင္မ်ား ေဆာက္လုပ္ေနေၾကာင္း သိရသည္။
ယင္းႏွစ္ရွည္ခံ ဝါးေက်ာင္းေဆာင္မ်ားကို ျမန္မာႏိုင္ငံဝါးလုပ္ငန္းအသင္းဥကၠ႒ ဦးေက်ာ္ဝင္း ၏ သားတပည့္မ်ားက ေဆာက္လုပ္ေပးေနျခင္း ျဖစ္ၿပီး ကခ်င္ျပည္နယ္တြင္ ဝါးမ်ားေပါမ်ားသျဖင့္ ဝါးျဖင့္ ေဆာက္လုပ္နည္းပညာမ်ားကို လူအမ်ားသိရွိေစလိုေၾကာင္း သာသနာ႔ ေရႊသစ္ပင္ဆရာေတာ္က မိန္႔ၾကားသည္။
“အဓိကေတာ့ ဒီျပည္နယ္မွာ ဝါးေတြေပါမ်ားတယ္၊ ၿပီးေတာ့ ဝါးနဲ႔ပဲ အခုလို ႏွစ္ရွည္ခံတဲ့ ေက်ာင္းေဆာင္တို႔၊ အေဆာင္ငယ္တို႔၊ အေဆာင္တို႔ကို အခုလို႔ေဆာက္လုပ္လို႔ရတယ္ဆိုတာကို မွ်ေဝခ်င္လို႔ပါ” ဟု ဆရာေတာ္ အရွင္တိေဏၰာဘာသက မိန္႔ၾကားသည္။
ဝါးမ်ားျဖင့္ ေက်ာင္းေဆာင္မ်ား ေဆာက္လုပ္ျခင္းလုပ္ငန္းကို ဒီဇင္ဘာ ၁၈ ရက္ေန႔မွ စတင္ေနၾကၿပီး မည္သူမဆို လာေရာက္ေလ့လာႏိုင္ေၾကာင္းကိုလည္း ဆရာေတာ္က မိန္႔ၾကားခဲ့သည္။
ခ်စ္သား
(unicode)
သာသနာ့ရွှေသစ်ပင်ကျောင်း၌ ဝါးများဖြင့် နှစ်ရည်ခံ ဝါးေကျာင်းဆောင်များ ဆောက်လုပ်
……………………………………………………………………………..
မိုးညှင်း၊ ဒီဇင်ဘာ ၂၈
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ထန်းတစ်ပင်ကျေးရွာရှိ သာသနာ့ရွှေသစ်ပင် ဘုန်းတော်ကြီးကျောင်း၌ ဝါးများဖြင့် နှစ်ရှည်ခံ ဝါးကျောင်းဆောင်များ ဆောက်လုပ်နေကြောင်း သိရသည်။
ယင်းနှစ်ရှည်ခံ ဝါးကျောင်းဆောင်များကို မြန်မာနိုင်ငံဝါးလုပ်ငန်းအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်း ၏ သားတပည့်များက ဆောက်လုပ်ပေးနေခြင်း ဖြစ်ပြီး ကချင်ပြည်နယ်တွင် ဝါးများပေါများသဖြင့် ဝါးဖြင့် ဆောက်လုပ်နည်းပညာများကို လူအများသိရှိစေလိုကြောင်း သာသနာ့ ရွှေသစ်ပင်ဆရာတော်က မိန့်ကြားသည်။
“အဓိကတော့ ဒီပြည်နယ်မှာ ဝါးတွေပေါများတယ်၊ ပြီးတော့ ဝါးနဲ့ပဲ အခုလို နှစ်ရှည်ခံတဲ့ ကျောင်းဆောင်တို့၊ အဆောင်ငယ်တို့၊ အဆောင်တို့ကို အခုလို့ဆောက်လုပ်လို့ရတယ်ဆိုတာကို မျှဝေချင်လို့ပါ” ဟု ဆရာတော် အရှင်တိဏ္ဏောဘာသက မိန့်ကြားသည်။
ဝါးများဖြင့် ကျောင်းဆောင်များ ဆောက်လုပ်ခြင်းလုပ်ငန်းကို ဒီဇင်ဘာ ၁၈ ရက်နေ့မှ စတင်နေကြပြီး မည်သူမဆို လာရောက်လေ့လာနိုင်ကြောင်းကိုလည်း ဆရာတော်က မိန့်ကြားခဲ့သည်။
ချစ်သား
#PeopleMedia #EPN