သာကေတမြို့နယ်၊ အမှတ် (၆) ရပ်ကွက် ရာအိမ်မှူး ဦးဝင်း သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံး
PUBLISHED - December 1, 2021
ရန်ကုန်၊ ဒီဇင်ဘာလ ၁ (People Media)
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အမှတ် (၆) အရှေ့ရပ်ကွက်၊ ရာအိမ်မှူး ဦးဝင်းကြိုင်သည် ယနေ့ နံနက် ၈ နာရီကျော်အချိန်က သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရ၍ သေဆုံးသွားကြောင်း သိရသည်။
ဦးဝင်းကြိုင် ယနေ့ နံနက် ၈ နာရီကျော်အချိန်က ဝေဇယန္တာ ၁၃ လမ်းထိပ် လက်ဖက်ရည်ဆိုင်၌ ထိုင်နေစဉ် အမည်မသိ အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါ ပစ်ခတ်မှုပြီးနောက် လုံခြုံရေးတပ်ဖွဲ့များ လာရောက်ကာ စစ်ဆေးခဲ့ပြီး၊ အခင်းဖြစ်သည့်နေရာ၌ 380 USA AUTO ကျည်ခွံသုံးခုတွေ့ခဲ့ကြောင်း သိရသည်။
Photo – CJ
#PeopleMedia #သာကေတ
(unicode)
…………………………………………………………
Photo – CJ