သာကေတမြို့နယ်၊ အ-လ-က (၈) ကျောင်းရှေ့၌ လက်လုပ်ဗုံး ပေါက်ကွဲရာ အမှိုက်ကောက်သည့် အမျိုးသမီး တစ်ဦး ဗုံးစထိမှန်ဒဏ်ရာရ
PUBLISHED - November 24, 2021
ရန်ကုန်၊ နိုဝင်ဘာ ၂၄ (People Media)
နိုဝင်ဘာ၂၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အ-လ-က (၈) ကျောင်းရှေ့အနီး၌ လက်လုပ်ဗုံးပေါက်ကွဲရာ အမှိုက်ကောက်သည့် အမျိုးသမီးတစ်ဦးသည် ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။
“အမှိုက်ကောက်တဲ့ အမျိုးသမီးက ရေသန့်ဗူးခွံတွေ၊ ကော်ဗူးခွံတွေ လိုက်ကောက်နေရင်း ကျောင်းရှေ့က ရေမြောင်းဘေးက PVC ပိုက်နဲ့ ပြုလုပ်ထားတဲ့ လက်လုပ်ဗုံးကို ကောက်ယူမိတာ။ အဲ့ဒီမှာ ကွဲသွားတာ။ ဗုံးစ ထိမှန်ဒဏ်ရာရရှိသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါ အမျိုးသမီးသည် လက်ရှိအချိန်၌ သင်္ဃန်းကျွန်း စံပြဆေးရုံကြီး၌ ဆေးကုသမှုခံယူနေကြောင်း တာဝန်ရှိသူတစ်ဦးက People Media ကို ပြောပါတယ်။
အလားတူ သာကေတမြို့နယ်၌ မကြာခဏ စာသင်ကျောင်းများအနီး၌ လက်လုပ်ဗုံးများ ပေါက်ကွဲမှု ဖြစ် ပေါ်ခဲ့သလို တပ်မတော်သတင်းပေးဟု ယူဆခံရသူများလည်း မကြာခဏ လုပ်ကြံသတ်ဖြတ်ခြင်း ခံရ လျှက်ရှိပါတယ်။
Photo – CJ(ပုံဟောင်းအသုံးပြုထားသည်)
#PeopleMedia #သာကေတမြို့နယ် #ပညာရေးဝန်ကြီးဌာန
(unicode)
……………………………………………………………