သာကေတမြို့နယ် တရားရုံး လက်လုပ်ဗုံး ပစ်သွင်းခံရပြီး ပေါက်ကွဲမှုဖြစ်ပေါ်

PUBLISHED - November 18, 2021
ရန်ကုန်၊ နိုဝင်ဘာ ၁၈ (People Media)
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ တရားရုံးဧရိယာအတွင်းသို့ လက်လုပ်ဗုံး ပစ်သွင်းခံရပြီး ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပါတယ်။
“မနေ့က ည ၇ နာရီအချိန်ခန့်က တရားရုံးရှေ့တည့်တည့်ထဲ ပစ်သွင်းခံရတာပါ။ လူတော့ ထိခိုက်မှုမရှိပါဘူး” လို့ ဒေသခံတစ်ဦး၏ ပြောဆိုချက်အရ သိရပါတယ်။
တရားရုံးအတွင်းသို့ လက်ပစ်ဗုံး လာရောက်ပစ်ခတ်သူနှစ်ဦးသည် ဆိုင်ကယ်ကို အသုံးပြုပြီး ပစ်ခတ်သွားခြင်း ဖြစ်တယ်လို့ သိရပါတယ်။
အလားတူ ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လုံခြုံရေးဂိတ်များ ပစ်ခတ်ခံခဲ့ရပြီး လုံခြုံရေး အဖွဲ့ဝင်အချို့ သေဆုံးမှု ဖြစ်ပေါ်ခဲ့ပါတယ်။
#PeopleMedia #သာကေတမြို့နယ်
(unicode)
…………………………………………………….