သိန်းနီ၊ ကွမ်းလုံနှင့် ကွမ်းခြံကုန်းတို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူ ၃၉၄ ဦးအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများဆောင်ရွက်
PUBLISHED - September 30, 2023
နေပြည်တော်၊ စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့ ရှိ ကောင်းဟော်ကျေးရွာနှင့် ကွမ်းလုံမြို့ရှိ ဟိုလီကျေးရွာများမှ ဒေသခံ တိုင်းရင်းသား ပြည်သူ ၁၄၇ ဦးတို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ တော်ခလူး ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံ ပြည်သူ ၂၄၇ ဦးတို့ကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များက သတ်မှတ်နေရာအသီးသီး၌ ယမန်နေ့ တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးရာတွင် သွားနှင့်ခံတွင်းရောဂါ၊ မျက်စိ ရောဂါ၊ သားဖွား မီး ယပ်ဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်း ဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ ခွဲစိတ်ကု သမှုဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ ECG၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
#PeopleMedia