• Follow Us on
Latest News

Home သိပ္ပံ၊ သုတေသနနဲ့ တီထွင်ဖန်တီးမှု နယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ ထိုင်းနဲ့ ဗြိတိန် ကြေညာ

သိပ္ပံ၊ သုတေသနနဲ့ တီထွင်ဖန်တီးမှု နယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ ထိုင်းနဲ့ ဗြိတိန် ကြေညာ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၁

 

အနာဂတ်ကာလအကျိုးကျေးဇူးအတွက် သဘာဝပတ်ဝန်းကျင်မထိခိုက်တဲ့ သိပ္ပံပညာဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ် ချက်နဲ့ သိပ္ပံ၊ သုတေသနနဲ့ တီထွင်ဖန်တီးမှု နယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်သွားဖို့ ထိုင်းနိုင်ငံနဲ့ ဗြိတိန်နိုင်ငံတို့ မကြာသေးခင်ကပဲ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

ပထဝီ၊ နိုင်ငံရေး၊ Covid-19 ကပ်ရောဂါဘေး၊ လူမှုရေးမတည်ငြိမ်မှု၊ သဘာဝရင်းမြစ်များ ကုန်ခန်းလျော့နည်း လာမှု၊ နည်းပညာဖွံံ့ဖြိုးတိုးတက်မှုများနဲ့ ဒစ်ဂျစ်တယ်လူမှုအဖွဲ့အအစည်းကို ပြောင်းရွှေ့ခြင်းတို့အပါအဝင် တပြိုင် တည်းမှာ စိန်ခေါ်မှုများစွာကို ကမ္ဘာကြီးက ရင်ဆိုင်နေရချိန်မှာ အခုလို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု သဘော တူညီချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

“ဒီစိန်ခေါ်မှုတွေဟာ ကမ္ဘာ့စီးပွားရေးအပေါ် ရိုက်ခတ်မှုတွေရှိပါတယ်။ ပြီးတော့ ဒီစိန်ခေါ်မှုတွေကြောင့် ယှဉ်ပြိုင် မှုကို မြှင့်တင်ဖို့နဲ့ နည်းပညာကတစ်ဆင့် နိုင်ငံရဲ့အဓိကပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် နည်းပညာ နဲ့ တီထွင်ဖန်တီးမှုကို ပိုမိုအာရုံစိုက်ဆောင်ရွက်ရမှာဖြစ်ပါတယ်။” လို့ သိပ္ပံ၊ သုတေသနနဲ့ တီထွင်ဖန်တီးမှုဆိုင်ရာ အမျိုးသားကော်မရှင်ဥက္ကဋ္ဌ ဆီရီရပ်ဂျ်ဆောင်ဆီဗီလိုင်က ပြောပါတယ်။

 

ထိုင်းနိုင်ငံနဲ့ ဗြိတိန်နိုင်ငံတို့ဟာ သိပ္ပံ၊ သုတေသနနဲ့ တီထွင်ဖန်တီးမှုဆိုင်ရာ နယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်လာ တာ နှစ်ပေါင်း ၆၀ ကျော်သွားပြီဖြစ်ပါတယ်။

 

အတိတ်ကာလက ထိုင်းသုတေသီအမျာအပြားဟာ ဗြိတိန်နိုင်ငံမှာ သွားရောက်ပညာသင်ကြားခဲ့ပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနဲ့ ကမ္ဘာလုံးဆိုင်ရာဖွံံ့ဖြိုးတိုးတက်ရေး ပြဿနာတွေကို ကိုင်တွယ်ဆောင်ရွက်ဖို့ ရည်ရွယ်ပြီး မိခင် နိုင်ငံကိုပြန်လာကာ ဗြိတိန်အဖွဲ့အစည်းတွေ/ ဗြိတိန်သုတေသီတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။

 

ဗြိတိန်နိုင်ငံက ၂၀၁၄ ခုနှစ်က ထူထောင်ခဲ့တဲ့ ပေါင်ငွေ ၄၆ သန်း (ထိုင်းဘတ်ငွေ ၂.၀၉ ဘီလျံ) တန်ကြေးရှိ နယူတန်ရန်ပုံငွေ အဖွဲ့ (Newton Fund) ဟာ နှစ်နို်င်ငံကြားမှာ ထင်ရှားတဲ့ ပူးပေါင်းဆောင်ရွက်မှုဖြစ်ပြီး နှစ်နိုင် ငံစလုံးအတွက် သိပ္ပံနဲ့ နည်းပညာနယ်ပယ်မှာ တိုးတက်မှုတွေ ရရှိခဲ့ပါတယ်။

 

အဲဒီတိုးတက်မှုတွေထဲမှာ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင်နဲ့ သဘာဝရင်းမြစ်နယ်ပယ် တွေမှာ အဓိကစီမံချက် ၁၁၅ ခုကျော် ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ပညာရှင် ၁၇၀၀ ကျော်ရဲ့ သုတေသန စွမ်းရည် တွေကို မြှင့်တင်ပေးနိုင်ခဲ့ခြင်းလည်း ပါဝင်ပါတယ်။

 

နှစ်နိုင်ငံကြား စွမ်းရည်မြှင့်တင်ဖို့နဲ့ အသိပညာဖလှယ်ရေးမြှင့်တင်ဖို့အတွက် ထိုင်းနို်င်ငံမှာရှိတဲ့ ဗြိတိန်သံရုံးနဲ့ ပူး ပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ထိုင်းနိုင်ငံ သိပ္ပံ၊ သုတေသနနဲ့ တီထွင်ဖန်တီးမှုအဖွဲ့ (TSRI) က တနင်္လာ နေ့က ကြေညာလိုက်ပါတယ်။

 

ဗြိတိန်နဲ့ ထိုင်းနိုင်ငံကြား မိတ်ဖက်ဆက်ဆံရေးကတစ်ဆင့် သုတေသနနဲ့ တီထွင်ဖန်တနီးမှု ပူးပေါင်းဆောင်ရွက် ရေးကိုထောက်ပံ့နေတဲ့ နိုင်ငံတကာ သိပ္ပံ မိတ်ဖက်အဖွဲ့အစည်းများ ရန်ပုံငွေ (International Science Partnerships Fund – ISPF) က တစ်ဆင့် အဲဒီပူးပေါင်းဆောင်ရွက်မှုကို ထောက်ပံ့သွားမှာဖြစ်ပါတယ်။

 

ဒဏ်ခံနိုင်တဲ့ကမ္ဘာကြီး၊ ပြောင်းလဲလာတဲ့နည်းပညာများ၊ ကျန်းမာသန်စွမ်းသောလူသားများ/ တိရစ္ဆာန်များနဲ့ အပင်များ၊ အနာဂတ်စွမ်းရည်များ ဆိုတဲ့ ခေါင်းစဉ်လေးခုအောက်မှာ ကမ္ဘာတစ်ဝန်းရှိ မိတ်ဖက်နိုင်ငံများနဲ့ ပူး ပေါင်းဆောင်ရွက်ဖို့အတွက် ဗြိတိန်သုတေသီတွေကို အခွင့်အလမ်းတွေ ထောက်ပံ့တဲ့အနေနဲ့ ၂၀၂၂ ခုနှစ်က နေ ၂၀၂၅ ခုနှစ်အထိ ဘတ်ဂျက် ပေါင်စတာလင် ၃၁၉ သန်း (ဘတ်ငွေ ၁၄.၅၂ ဘီလျံ) ကို ဗြိတိန်နိုင်ငံ သိပ္ပံ၊ တီထွင်ဖန်တီးမှုနဲ့ နည်းပညာဦးစီးဌာန (Department for Science, Innovation and Technology -DSIT) က ချမှတ်ပေးခဲ့ပါတယ်။

 

ထိုင်းနိုင်ငံဟာ ထိုင်းနိုင်ငံ သိပ္ပံ၊ သုတေသနနဲ့ တီထွင်ဖန်တီးမှုအဖွဲ့ (TSRI) ကတစ်ဆင့် နိုင်ငံတကာစိန်ခေါ်မှု တွေကို ကိုင်တွယ်ဆောင်ရွက်ဖို့ ၂၀၂၃-၂၀၂၇ ခုနှစ်အတွက် မဟာဗျူဟာ လေးခုပေါ် အခြေခံထားတဲ့ စီမံချက် တစ်စောင်ကို ရေးဆွဲခဲ့ပါတယ်။

 

အဲဒီစီမံချက်ဟာ ထိုင်းပြည်သူတွေရဲ့ တန်ဖိုးကိုမြှင့်တင်ပေးမယ့် စီးပွားရေးလုပ်ငန်းဆောင်ရွက်ရာမှာ ထိုင်းပြည် သူတွေရဲ့ဘဝနဲ့ ယှဉ်ပြိုင်မှုစွမ်းရည်ကို မြှင့်တင်ပေးပြီး ထိုင်းနိုင်ငံ ထပ်မံဖွံ့ဖြိုးတိုးတက်ပြီး အနာဂတ်ကာလအ တွက် အဆင့်သင့်ပြင်ဆင်ထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာရေးအတွက် ချမှတ်ထားတဲ့ ရည်မှန်းချက်တွေနဲ့ အညီ ရေးဆွဲထားတာဖြစ်တယ်လို့ ဆိုပါတယ်။

 

Ref: Thailand, UK announce deeper collaboration in science, innovation

 

#PeopleMedia


Share this post