သိမ်းဆည်းရမိသော လက်နက်များကို AA ထုတ်ပြန်
PUBLISHED - March 12, 2019
AA လက်နက်ကိုင်အဖွဲ့၏ သတင်းထုတ်ပြန်၌ ပလက်ဝမြို့နယ်၊ ပီချောင်းဒေသ၊ ပြန်ဆို ရွာ တောင်ဖက်(၅.၅) ကီလိုမီတာတွင် စကခ(၅) လက်အောက်ခံ၊ ဂွအခြေစိုက် ခမရ (၅၆၃) နှင့်ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး ဗျူဟာမှုး ယာယီအခြေစိုက်စခန်းကို သိမ်းဆည်းနိုင် ခဲ့ကြောင်း ဖော်ပြထားသည်။
AA မှ ယနေ့ထုတ်ပြန်ထားသော ထုတ်ပြန်ချက်အပေါ် နိုင်ငံပိုင်မီဒီယာနှင့် တပ်ချုပ်ရုံးမှ သတင်းထုတ်ပြန်ထားခြင်းမရှိပါ။
အဆိုပါ AA ၏ သတင်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး လူထု မီဒီယာမှ တပ်မတော် သတင်းထုတ်ပြန်ရေးအဖွဲ့များထံ ဆက်လက်အတည်ပြု မေးမြန်းရန် ကြိုးစားလျှက် ရှိပါတယ်။
https://www.facebook.com/303185163868226/videos/2544588379101401/