• Follow Us on

Home သိမ်းဆည်းမိထားတဲ့ လက်နက်ငယ်တွေနဲ့ ခဲယမ်းတွေကို အမေရိကန်က ယူကရိန်းကို ပေးပို့

သိမ်းဆည်းမိထားတဲ့ လက်နက်ငယ်တွေနဲ့ ခဲယမ်းတွေကို အမေရိကန်က ယူကရိန်းကို ပေးပို့

Share this post

နိုင်ငံတကာ၊ ဧပြီ ၁၀

 

အီရန်တပ်ဖွဲ့တွေက ၎င်းတို့ထောက်ပံ့ထားတဲ့ ယီမင်နိုင်ငံကသူပုန်တွေထံ ပေးပို့စဉ်က သိမ်းဆည်းထားတဲ့ လက်နက်ငယ်နဲ့ ခဲယမ်းတွေကို အမေရိကန်အစိုးရက ယူကရိန်းနိုင်ငံကို ပေးပို့လိုက်ကြောင်း အမေရိကန်စစ် တပ်က အင်္ဂါနေ့ (ဧပြီ ၉ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

ယူကရိန်းနိုင်ငံက လက်နက်ခဲယမ်းတွေ ပြတ်လပ်နေသလို အမေရိကန်ရီပတ်ဘလီကန်အမတ်တွေကလည်း အကူအညီသစ်တွေ ဆိုင်းငံ့ပိတ်ဆို့ထားစဉ်အတွင်း အခုလိုလက်နက်ငယ်တွေ တင်ပို့လိုက်တာဖြစ်ပေမဲ့ ဒီလက် နက်တွေက ယူကရိန်းကလိုအပ်နေတဲ့ အမြောက်ကျည်တွေနဲ့ လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေလို အဓိကလက်နက်တွေနေရာကို အစားမထိုးနိုင်ပါဘူး။

 

“အမေရိကန်အစိုးရက AK-47 တွေ၊ စက်သေနတ်တွေ၊ စနိုက်ပါတွေ၊ RPG-7 တွေ အလက်ရေ ၅၀၀၀ ကျော်နဲ့ ၇.၆၂ မမ ကျည် ၅၀၀,၀၀၀ ကျော်ကို ယူကရိန်းတပ်မတော်ကို ပြီးခဲ့တဲ့သီတင်းပတ် ကြာသပတေးနေ့ကတင်ပို့ ပေးလိုက်ပါတယ်။” လို့ အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) က လူမှုကွန်ရက်ပေါ်မှာတင်ထားပါတယ်။

 

“ဒီလက်နက်တွေဟာ ရုရှားရန်ကိုကာကွယ်နေတဲ့ ယူကရိန်းတွေအတွက် အထောက်အကူဖြစ်လိမ့်မယ်။ ဒီလက် နက်တွေကို တပ်မတစ်မစာ တပ်ဆင်ပေးနိုင်ပါတယ်။” လို့ CENTCOM က ရေးသားထားပါတယ်။

 

အီရန်တပ်ဖွဲ့တွေကနေ ယီမင်က ဟူသီသူပုန်တွေအတွက်ပေးပို့တဲ့ အဲဒီလက်နက်တွေကို ၂၀၂၁ ခုနှစ်မေလနဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကြားမှာ နိုင်ငံအမည်မပါတဲ့သင်္ဘောလေးစင်းပေါ်ကနေ သိမ်းဆည်းရရှိထားတာဖြစ် ကြောင်း CENTCOM က ပြောပါတယ်။

 

“ဒီလက်နက်ခဲယမ်းတွေကို ပြစ်ဒဏ်အဖြစ်သိမ်းဆည်းခံရတဲ့ ပစ္စည်းတွေအဖြစ် တရားရေးဝန်ကြီးဌာနကတစ် ဆင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ အမေရိကန်အစိုးရက ရရှိခဲ့တာဖြစ်ပါတယ်။” လို့ CENTCOM က ပြောပါတယ်။

 

ဟူသီသူပုန်တွေဟာ ဂါဇာဒေသက ပါလက်စတိုင်းတွေနဲ့ စည်းလုံးညီညွတ်ကြောင်းပြသတဲ့အနေနဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစပြီး ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့မှာတွေ့တဲ့ သင်္ဘောတွေကို တောက်လျှောက်ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိပါတယ်။

 

“လက်နက်ကိုင်အုပ်စုတွေကို အီရန်က အခုလိုထောက်ပံ့နေတာဟာ နိုင်ငံတကာနဲ့ ဒေသတွင်းလုံခြုံရေး၊ ကျွန် တော်တို့တပ်ဖွဲ့ဝင်တွေ၊ သံတမန်အဖွဲ့တွေ၊ ဒေသတွင်းက နိုင်ငံသားတွေနဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက်နိုင်ငံတွေကို ခြိမ်းခြောက်နေတာဖြစ်ပါတယ်။” လို့ CENTCOM က ပြောပါတယ်။

 

“အီရန်နိုင်ငံရဲ့ မတည်ငြိမ်အောင်လုပ်နေတဲ့ လုပ်ဆောင်ချက်တွေကို တားဆီးဖို့အတွက် ကျွန်တော်တို့ လုပ်နိုင် တာမှန်သမျှ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” လို့ CENTCOM က ပြောပါတယ်။

 

Ref: US Sent Seized Iran Weapons, Ammo to Ukraine

 

#PeopleMedia


Share this post