• Follow Us on
Latest News

Home သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်ကျောင်းအုပ်ဆရာတော်မှ နေပြည်တော်ရေဘေးသင့်ပြည်သူများထံ ကိုယ်တိုင်ကြွရောက်ကာ ဖေးမကူညီလှူဒါန်း

သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်ကျောင်းအုပ်ဆရာတော်မှ နေပြည်တော်ရေဘေးသင့်ပြည်သူများထံ ကိုယ်တိုင်ကြွရောက်ကာ ဖေးမကူညီလှူဒါန်း

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၆

 

သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်ကျောင်းအုပ်ဆရာတော်မှ ‌နေပြည်တော်ရေဘေးသင့်ပြည်သူများထံ ယမန်နေ့ကကိုယ်တိုင်ကြွရောက်ကာ ဖေးမကူညီလှူဒါန်းခဲ့ကြောင်း သိရသည်။

 

နေပြည်တော်မြို့နယ်၊ တပ်ကုန်းမြို့နယ်နှင့် ဆင်သေချောင်းတစ်လျောက်ရှိ မကျည်းပင်ရွာ၊ ဆင်တဲကြီးရွာ၊ ကုလားရွာ၊ လေသာရွာ၊ ရွာသစ်ကြီးရွာ၊ စည်ပင်ကြီးရွာ ရေဘေးသင့်ပြည်သူများ၏ ရွာများသို့ သီတဂူ ကေတုမတီဗုဒ္ဓတက္ကသိုလ်ကျောင်းအုပ်ဆရာတော် ဦးဆောင်ကာ တပည့်ဒကာဒကာမများနှင့် ကိုယ်တိုင် ကြွရောက်ကာ ဖေးမကူညီလှူဒါန်းခဲ့ခြင်းဖြစ်သည်။

 

ကုလားရွာ အိမ်ထောင်စု (၁၆၈)စု အတွက် အိမ်ထောင်စု တစ်စုလျှင် (၃၀၀၀၀)ကျပ်၊ ပျက်စီးသွားသော အိမ်ထောင်စု တစ်စုလျှင် (၁၅၀၀၀၀)ကျပ်၊ စာသင်ကျောင်းပြင်ဆင်စရိတ်နှင့် စာသင်ခန်းသုံးပစ္စည်းများ လှူဒါန်းခဲ့ပြီး၊ ရွာသစ်ကြီးရွာဦးကျောင်းဆရာတော်အား (၁၀၀၀၀၀၀)ကျပ်နှင့် ရေဘေးသင့်ပြည်သူ (၅၀၀)စာအတွက် ညနေစာကျွေးမွေးခဲ့သကြောင်း သိရသည်။

 

လေသာရွာ ရွာဦးကျောင်းဆရာတော်အား(၅၀၀၀၀၀)ကျပ်နှင့် ရေဘေးသင့်အိမ်ထောင်စု (၆၀၀)စာအတွက် ဆန် (၆)ပြည်အိတ် (၆၀၀) လှူဒါန်းခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post