သီတဂူစက္ခုဒါနအလှူတော်ပထမကြိမ်မှ ဒသမကြိမ်မြောက်အထိ စမ်းသပ်လူနာ (၁၃၀၀၀) ကျော်နှင့် ခွဲစိတ်လူနာ (၄၀၀၀) ကျော်တို့ကို ကုသပေးခဲ့

PUBLISHED - February 18, 2025
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈
သီတဂူဆရာတော်ကြီး၏ မေတ္တာကရုဏာဖြင့် သီတဂူစက္ခုဒါနအလှူတော် ပထမအကြိမ်မှ ဒသမကြိမ်မြောက်အထိ စမ်းသပ်လူနာ (၁၃၂၄၅)ဦးနှင့် ခွဲစိတ်ကုလူနာ (၄၀၃၁) ဦးတို့ကို အောင်မြင်စွာ ကုသပေးခဲ့ကြောင်း သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်)မှ သိရသည်။
၁၀ ကြိမ်မြောက်အထိ လေဆာပစ်ကုသပေးခဲ့သည့် (၂၃၆) ဦးရှိခဲ့ကြောင်း၊ (၁၀) ကြိမ်မြောက် မျက်စိအလင်းအလှူကို ဖေဖော်ဝါရီ ၁၀ ရက်မှ ဖေဖော်ဝါရီ ၁၇ ရက်အထိ ပြုလုပ်ခဲ့ရာ စမ်းသပ်လူနာ ၁၈၈၁ ဦးနှင့် ခွဲစိတ်လူနာ ၄၈၇ ဦးနှင့် လေဆာပစ်ကုသလူနာ ၁၇ ဦးတို့အား အလင်းအလှူပြုနိုင်ခဲ့ကြောင်း သိရသည်။
သီတဂူစက္ခုဒါနအလှူတော်များတွင် မြန်မာနိုင်ငံ ဒေသအသီးသီးမှ မျက်စိဝေဒနာရှင်များအား ကြည့်ရှု စစ်ဆေးစမ်းသပ် ခွဲစိပ်ကုသခြင်းလုပ်ငန်းများကို အခမဲ့ (FOC) စီစဉ်ဆောင်ရွက် ပေးခဲ့ခြင်းဖြစ်သည်။
၁၁ ကြိမ်မြောက် မျက်စိအလင်းအလှူကို ၂၀၂၅ခုနှစ် မတ်လ ၂၆ ဝန်းကျင်တွင် ပြုလုပ်မည်ဖြစ်၍ မတ်လ ၁၅ ရက်တွင် စာရင်းပေးနိုင်ရန် စုံးစမ်းနိုင်ကြောင်း သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်)မှ သိရသည်။
#PeopleMedia