သီတဂူစက္ခုဒါနအလှူတော်၌ (၅) ရက်အတွင်း လူနာ (၁၈၈၁) ဦးအား စမ်းသပ်ပေးခဲ့ပြီး လူနာ (၄၈၇) ဦးအား ခွဲစိတ်ကုသပေးခဲ့

PUBLISHED - February 17, 2025
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇
(၁၀) ကြိမ်မြောက် သီတဂူစက္ခုဒါန-သီတဂူမျက်စိ အလှူတော်၌ ၅ ရက်အတွင်း ၁၈၈၁ ဦးအား စမ်းသပ်ပေးခဲ့ပြီး ယင်းထဲမှ လူနာ (၄၈၇)ဦးအား ခွဲစိတ်ကုသပေးခဲ့ကြောင်း သီတဂူစက္ခုဒါနဆေးရုံမှ သိရသည်။
လူနာများအား စမ်းသပ်ပေးမှုမှာ ဖေဖော်ဝါရီ ၁၀ ရက်တွင် (၃၆၀)ဦး၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် (၆၈၂)ဦး၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် (၆၇၂)ဦး၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် (၁၆၃)ဦး၊ ဖေဖော်ဝါရီ ၁၄ ရက်တွင် ၄ ဦး စုစုပေါင်း လူနာ (၁၈၈၁)ဦးအား စမ်းသပ်ပေးခဲ့ကြောင်း သိရသည်။
လူနာများအား ခွဲစိတ်ကုသပေးမှုမှာ ဖေဖော်ဝါရီ ၁၂ ရက်တွင် (၁၀၄)ဦး၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် (၉၆)ဦး၊ ဖေဖော်ဝါရီ ၁၄ ရက်တွင် (၁၀၄)ဦးနှင့် ဖေဖော်ဝါရီ ၁၅ ရက်တွင် (၁၀၆)ဦး၊ ဖေဖော်ဝါရီ ၁၆ ရက်တွင် (၇၇) ဦး စုစုပေါင်း လူနာ (၄၈၇) ဦးအား ခွဲစိတ်ကုသပေးခဲ့ပြီး၊ လေဆာပစ်ကုသပေးမှုများမှာ (၁၇) ဦး ရှိခဲ့ကြောင်း သိရသည်။
(၁၀)ကြိမ်မြောက် သီတဂူစက္ခုဒါန-သီတဂူမျက်စိ အလှူတော် အစီအစဉ်ကို ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၌ သီတဂူအဖွဲ့က မြန်မာနိုင်ငံ အရပ်မျက်နှာအသီးသီးမှ မျက်စိဝေဒနာရှင်များအား ကြည့်ရှု စစ်ဆေးစမ်းသပ် ခွဲစိပ်ကုသခြင်းလုပ်ငန်းများကို အခမဲ့ (FOC) ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#PeopleMedia