• Follow Us on

Home သီတဂူစက္ခုဒါနအလှူတွင် ၃ ရက်အတွင်း လူနာ ၁၉၅၉ ဦးအား စမ်းသပ်စစ်ဆေးပေးခဲ့ပြီး ခွဲလူနာ ၃၉၂ ဦးအား ခွဲစိပ်ကုသ အလင်းအလှူပြုလုပ်ခဲ့

သီတဂူစက္ခုဒါနအလှူတွင် ၃ ရက်အတွင်း လူနာ ၁၉၅၉ ဦးအား စမ်းသပ်စစ်ဆေးပေးခဲ့ပြီး ခွဲလူနာ ၃၉၂ ဦးအား ခွဲစိပ်ကုသ အလင်းအလှူပြုလုပ်ခဲ့

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၇

 

သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်)၏ စတုတ္ထအကြိမ် မျက်စိအလှူတွင် ၅ရက်အတွင်း လူနာ ၁၉၅၉ ဦးအား စမ်းသပ်စစ်ဆေးပေးခဲ့ပြီး ခွဲလူနာ ၃၉၂ ဦးအား ခွဲစိပ်ကုသ အလင်းအလှူပြုလုပ်ခဲ့ကြောင်း သီတဂူစက္ခုဒါန ဆေးရုံကြီးမှ သိရသည်။

 

စတုတ္ထအကြိမ် မျက်စိအလှူကို ဖေဖော်ဝါရီ ၂ရက်မှ ဖေဖော်ဝါရီ ၆ ရက်ထိ ၅ ရက်တာ ပြုလုပ်ခဲ့ရာ ပထမရက် ၄၄၁ ဦး၊ ဒုတိယရက် ၄၇၃ ဦး၊ တတိယရက် ၃၉၈ ဦး၊ စတုတ္ထနေ့ ၃၃၆ ဦးနှင့် ပဉ္စမနေ့ ၃၁၁ဦး စုစုပေါင်း ၁၉၅၉ ဦးအား စမ်းသပ်ရာ ခွဲစိပ်ကုသရန် ထွက်လာသည့် လူနာ ၃၉၂ ဦးကို ခွဲစိပ်ကုသပေးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

 

သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ စတုတ္ထအကြိမ် မျက်စိအလှူကို ဖေဖော်ရီ ၂ ရက်မှ ဖောဖော်ဝါရီ ၈ ရက်နေ့ထိ ကုသပေးမည်ဖြစ်ပြီး စာရင်းပေးပြီး ၁၆၀၀ ဦးကျော်ရှိကြောင်း  သိရသည်။

 

#PeopleMedia


Share this post