သီတဂူဆရာတော်ဒေါက်တာဘဒ္ဒန္တဉာဏိဿရအား အိန္ဒိယသမ္မတနိုင်ငံက International Award for Promotion of Buddhism ဘွဲ့တံဆိပ်ဆက်ကပ်အပ်နှင်း
PUBLISHED - June 1, 2024
နေပြည်တော်၊ ဇွန် ၁
နိုင်ငံတော် ဩဝါဒါစရိယ ရွှေကျင်နိကာယ သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရအား အိန္ဒိယသမ္မတနိုင်ငံက International Award for Promotion of Buddhism ဘွဲ့ တံဆိပ် ဆက်ကပ်အပ်နှင်းသည့်အခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ ပန်းဘဲတန်းမြိ့နဘ် ရွှေဘုံသာလမ်း အိန္ဒိယစင်တာ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၊ စစ်ကိုင်းတိုင်းဒေသကြီး အပြည် ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ ကျောင်းတိုက် ဆရာတော် ဦးသောဘိတ၊ ရခိုင်ပြည်နယ် အလို တော်ပြည့်ဝိပဿနာ စင်တာနှင့် ကျောင်းတိုက်ဆရာတော် ဦးပညာဇောတနှင့် ဆရာတော်သံဃာတော်များ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင် ၊ မြန်မာနိုင်ငံ ဆိုင်ရာအိန္ဒိယသံအမတ်ကြီး H.E.Mr.Abjay Thaku ၊ Indian Council for Cultural Relations(ICCR)မှညွန်ကြားရေးမှူးချုပ် H.E.Mr.Kumar Tuhin နှင့် ဖိတ်ကြားထား သော ဧည့်သည်တော်များတက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက နှုတ်ခွန်းဆက် စကားပြောကြားသည်။ ထိုနောက် Swami Vivekananda Cultural Center (SVCC) မှ ကျောင်းသား ကျောင်းသူလေးများက ရိုးရာယဉ်ကျေးမှု တေးဂီတဖြင့် သီဆိုကပြဖျော်ဖြေကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသူလေးများက ဆီမီးခွက်အကဖြင့် ကပြဖျော်ဖြေကြသည်။
ထို့နောက် သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E.Mr.Abjay Thakur နှင့် Indian Council for Cultural Relations(ICCR) မှညွန်ကြားရေးမှူးချုပ် H.E.Mr.Kumar Tuhin တို့က ဆီးမီးထွန်း ညှိပူဇော်ကြသည်။
ဆက်လက်၍ သီတဂူဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရအား Indian Council for Cultural Relations(ICCR)မှညွန်ကြားရေးမှူးချုပ် H.E.Mr.Kumar Tuhin က Conferring International Award for Promotion of Buddhism ဘွဲ့တံဆိပ်တော်အား ဆက်ကပ်လှူဒါန်းခဲ့သည်။
အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုဆက်ဆံရေးကောင်စီသည် ဗုဒ္ဓဘာသာထွန်းကားရေး အတွက် ဆောင်ရွက်ကြသော နိုင်ငံခြားတိုင်းပြည်များမှ ပညာရှင်များ၊ တစ်သီးပုဂ္ဂလ ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအား အသိမှတ်ပြု ဂုဏ်ပြုခြင်းနှင့် ဗုဒ္ဓဘာသာ ထွန်းကား ပြန့်ပွားရေးအတွက် နိုင်ငံတကာဆုကို ၂၀၂၁ ခုနှစ်တွင် စတင်ချီး မြှင့်ခဲ့ပြီး၊ ဒေါက်တာအရှင်ဉာဏိဿရအား ၂၀၂၃ ခုနှစ်တွင် ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရေးဆောင်ရွက်မှု အတွက် နိုင်ငံတကာဆုကို ဆက်ကပ်လှူဒါန်း ခြင်းဖြစ်သည်။
#PeopleMedia