သီတဂူဆရာတော်ကြီးဦးဆောင်၍ ရုရှားနိုင်ငံ၌ တည်ဆောက်ခဲ့သည့် မြန်မာထေရဝါဒဗုဒ္ဓစင်တာ ကျောင်းတော် ကြီးတည်ဆောက်မှု ပြီးစီး
PUBLISHED - September 3, 2021
နေပြည်တော်၊ စက်တင်ဘာ ၃ (People Media)
အဘိဓဇမဟာဋ္ဌဂုရု သီတဂူဆရာတော်ကြီး ဦးဆောင်၍ ရုရှားနိုင်ငံ၌ တည်ဆောက်ခဲ့သည့် မြန်မာထေရဝါဒဗုဒ္ဓ စင်တာကျောင်းတော်ကြီး တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။
ထိုကျောင်းတော်ကြီးထဲ၌ ဘုရားဆောင်၊ သံဃာနေဆောင်များအပြင် ကျောင်းဝင်းအတွင်း၌ နိုင်ငံတကာယဉ် ကျေးမှုဇုန်နှင့် မြန်မာနိုင်ငံရှိ ရွှေတိဂုံစေတီတော်ပုံတူနှင့် ကျောင်းတော်ကြီးပါဝင်ကြောင်း သိရပါတယ်။
ထို့အတူ ရုရှားဖက်ဒရေးရှင်နိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)သို့ သွားရောက်ပြီး ကျောင်း၌ သီတင်းသုံးနေသည့် သီတဂူဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရနှင့် ကျောင်းထိုင်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တအစ္ဆရိယတို့အား လှူဖွယ်ပစ္စည်း များနှင့်အတူ နေ့ဆွမ်းကပ်လှူဒါန်းမှုများလည်း ပြုလုပ်ခဲ့ကြောင်း န-စ-က ၏ သတင်းထုတ်ပြန်ချက်အရ သိရှိ ရပါတယ်။
#PeopleMedia #သီတဂူ #ရုရှားနိုင်ငံ
(unicode)
……………………………………………………………..