သီတဂူဆရာတော်ကြီးကြိုးပမ်းမှုဖြင့် ရုရှားနိုင်ငံယဉ်ကျေးမှုမြို့တော်တွင် လျှောက်တော်မူဟန်ကြေးသွန်းဗုဒ္ဓ ဆင်းတုတော်ကြီး စတင်သီတင်းသုံး

PUBLISHED - September 9, 2021
နေပြည်တော်၊ စက်တင်ဘာ ၉ (People Media)
သီတဂူဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု၏ ကြိုးပမ်းမှုဖြင့် ရုရှားနိုင်ငံ အတနာမီ ယဉ်ကျေးမှုမြို့တော်တွင် ဉာဏ်တော် ၂၀ ပေအမြင့်ရှိ လျှောက်တော်မူဟန် ကြေးသွန်းဗုဒ္ဓဆင်းတုတော်ကြီး ပလ္လင်ပေါ်တွင် စတင် သီတင်းသုံးနေပြီဖြစ်ကြောင်း သီတဂူသတင်းပြန်ကြားရေးမှ သိရသည်။
သီတဂူဆရာတော်ကြီးသည် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရန် ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ မြန်မာထေရဝါဒ ဗုဒ္ဓဝိဟာရကျောင်းတိုက်သို့ စက်တင်ဘာ ၁ ရက်နေ့က ရောက်ရှိ သီတင်းသုံးနေလျက်ရှိသည်။
#PeopleMedia #သီတဂူဆရာတော်ကြီး
(unicode)
……………………………………………………………………..