သီတင်းကျွတ်ကာလ၌ မီးရှူး၊ မီးပန်း၊ ဗြောက်အိုးများ သယ်ဆောင်ဖြန့်ဖြူးခြင်း၊ သိုလှောင်၊ ရောင်းချ၊ ပစ်ဖောက် ခြင်းများပြုလုပ်ပါက တည်ဆဲဥပဒေအရ အရေးယူမယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့သတင်းထုတ်ပြန်

PUBLISHED - October 11, 2021
နေပြည်တော်၊ အောက်တိုဘာ ၁၁ (People Media)
သီတင်းကျွတ်ကာလ၌ မီးရှူး၊ မီးပန်း၊ ဗြောက်အိုးများ သယ်ဆောင်ဖြန့်ဖြူးခြင်း၊ သိုလှောင်၊ ရောင်းချ၊ ပစ်ဖောက် ခြင်းများပြုလုပ်ပါက တည်ဆဲဥပဒေအရ အရေးယူမယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အသိပေးထုတ်ပြန်ကြေညာ ထားသည်။
အဆိုပါထုတ်ပြန်ချက်တွင် မကြာမီကာလ၌ သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် တန်ဆောင်တိုင်ပွဲတော်ကာလများ သို့ရောက်ရှိတော့မည်ဖြစ်ပြီး ယင်းကာလများကိုအကြောင်းပြု၍ မီးရှူး၊ မီးပန်းများပစ်လွှတ်ခြင်း၊ ဗြောက်အိုးရှူး ဒိုင်းများ ပစ်ဖောက်ခြင်းများပြုလုပ်လေ့ရှိသဖြင့် အကြမ်းဖက်သမားများအနေဖြင့် အခွင့်ကောင်းယူပြီး အကြမ်း ဖက်မှုများကို ပိုမိုကျူးလွန်လာနိုင်သည်ဟု ဖော်ပြပါရှိသည်။
ထို့ကြောင့် မီးရှူး၊ မီးပန်း၊ ဗြောက်အိုး၊ ရှူးဒိုင်းများကို ထုတ်လုပ်ခြင်း၊ သယ်ဆောင်ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ ပစ်ဖောက်ခြင်းများမပြုလုပ်ကြရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။
#PeopleMedia #မြန်မာနိုင်ငံရဲတပ် #မီးရှုးမီးပန်း
(unicode)
………………………………………………………………………………………