• Follow Us on

Home သီတင်းကျွတ်ကာလအတွင်း အထူးရထားများပြေးဆွဲမည်

သီတင်းကျွတ်ကာလအတွင်း အထူးရထားများပြေးဆွဲမည်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၀

 

ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည် အထူးရထားများကို သီတင်းကျွတ်ပွဲ‌တော်ကာလ အတွင်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

 

အထူးရထားများ၏ လက်မှတ်ခနှုန်းထားများလည်း ပြောင်းလဲခြင်းမရှိဘဲ မူလနှုန်းထားအတိုင်း ရောင်းချပေးသွား မည်ဖြစ်ကြောင်း၊ အထူးရထား ရိုးရိုးတန်းအတွက် လက်မှတ်များအား သီတင်းကျွတ်ပိတ်ရက်မတိုင်မီ လေးရက် ကြိုတင်၍ ရောင်းချပေးသွားမည်ဖြစ်ပြီး အထက်တန်းတွဲများအတွက်မူ နှစ်ရက်ကြိုတင်၍ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post