• Follow Us on
Latest News

Home သီတင်းကျွတ်ဈေးရောင်းပွဲတော်ကို ပြည်သူ့ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာကျင်းပမည်

သီတင်းကျွတ်ဈေးရောင်းပွဲတော်ကို ပြည်သူ့ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာကျင်းပမည်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၃

 

ရန်ကုန်တိုင်းဒေသကြီး ၂၀၂၃ ခုနှစ် စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန်ပစ္စည်း သီတင်းကျွတ်ဈေးရောင်းပွဲတော် ကို အရောင်းဆိုင်ခန်းများဖြင့် အောက်တိုဘာလ (၂၇) ရက်မှ အောက်တိုဘာလ (၃၀) ရက်အထိ နံနက် (၈) နာရီမှ ည (၁၀) နာရီအထိ ရန်ကုန်မြို့၊ ဒဂုံမြို့နယ် ပြည့်သူ့ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ် ကြောင်း သိရသည်။

 

သီတင်းကျွတ်ဈေးရောင်းပွဲတော်ကြီးတွင် ဆိုင်ခန်းပေါင်း (၅၀၀)ခန့်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် (၂၉) ဇုန်မှ ထုတ်လုပ်သည့်ပစ္စည်းများ၊ MSME လုပ်ငန်းများ၊ အသေးစားစက်မှုလုပ်ငန်းများ၊ သမဝါယမဝန်ကြီးဌာနမှ ထုတ်ကုန်များနှင့် စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထွက်ကုန်ပစ္စည်းများကို ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

 

ပွဲတော်ရက်အတွင်း နေ့စဉ် E-sport ဂိမ်းပြိုင်ပွဲများ၊ စတုဒီသာကျွေးမွေးမှုများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်မှ ကျော်ကြားသည့် အနုပညာရှင်များ၏ ဖျော်ဖြေမှုများ၊ ဆပ်ကပ်၊ မျက်လှည့်၊ DJ၊ Dancer များ၏ ဖျော်ဖြေမှု များကိုအားပါးတရ ကြည့်ရှုခံစားနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

 

ပွဲတော်တွင် ဆန်၊ ဆီ၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက် အခြေခံစားကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်း ချပေးသွားမည်ဖြစ်ကာ ပွဲတော်လာ ပြည်သူများသွားလာရေး လွယ်ကူစေရန်အတွက် အကြို/အပို့ ကား များကိုလည်း စီစဉ်ထားရှိမည်ဖြစ်ပြီး၊ သီတင်းကျွတ်လပြည့်နေ့နှင့် အဖိတ်နေ့များတွင်လည်း မီးရှူး၊ မီးပန်း များပစ်ဖောက်မည်ဖြစ်ပါသဖြင့် မိဘပြည်သူများအနေဖြင့် မည်သူမဆိုပျော်ရွှင်စွာဖြင့် လာရောက်ဆင်နွှဲနိုင် ကြောင်း သိရသည်။

 

#PeopleMedia


Share this post