• Follow Us on
Latest News

Home သီရိလင်္ကာနိုင်ငံတွင် နာမည်ကျော် အိန္ဒိယစွယ်စုံဆင် သေဆုံးခြင်းအတွက် ကြေကွဲဝမ်းနည်းဖွယ် အခမ်းအနား ပြုလုပ်

သီရိလင်္ကာနိုင်ငံတွင် နာမည်ကျော် အိန္ဒိယစွယ်စုံဆင် သေဆုံးခြင်းအတွက် ကြေကွဲဝမ်းနည်းဖွယ် အခမ်းအနား ပြုလုပ်

Share this post

နိုင်ငံတကာ၊ မတ် ၈

 

သီရိလင်္ကာနိုင်ငံသားများက မတ် ၇ ရက် အစောပိုင်း၌ ဖျားနာပြီး သေဆုံးသွားခဲ့သော နာမည်ကျော် အိန္ဒိယ စွယ်စုံဆင် “Nadungamuwa Raja” သေဆုံးခြင်းအတွက် ကြေကွဲဝမ်းနည်းဖွယ်အခမ်းအနား ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။

 

အဆိုပါ ဆင်သည် သေဆုံးချိန်တွင် အသက် ၆၀ နှစ်ရှိပြီဖြစ်သည်။

 

သီရိလင်္ကာနိုင်ငံ သမ္မတ Gotabaya Rajapaksa က သေဆုံးသွားသော စွယ်စုံဆင်အား နိုင်ငံ့ရတနာအဖြစ် အမည်စာရင်းထည့်သွင်းရန်နှင့် ၎င်း၏ ကိုယ်ခန္ဓာအား အနာဂတ်မျိုးဆက်အတွက် ထိန်းသိမ်းထားရန် တာဝန်ရှိ သူများအား ညွှန်ကြားခဲ့သည်။

 

အရပ်အမြင့် ၁၀.၅ ပေရှိသော အဆိုပါ ဆင်သည် နာမည်ကျော်ကြားသော ဆင်ဖြစ်သလို သီရိလင်္ကာနိုင်ငံ အတွင်း အရပ်အမြင့်ဆုံး စွယ်စုံဆင်လည်း ဖြစ်ကြောင်း တောရိုင်းတိရစ္တာန်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြား ခဲ့သည်။

 

၎င်းဆင်တွင် ကိုယ်ပိုင်လက်နက်ကိုင်အစောင့်များရှိကြောင်းနှင့် ကန်ဒီမြို့တွင် ဗုဒ္ဓဘာသာဆိုင်ရာ ဘာသာရေး အခမ်းအနားပွဲများ၌ နှစ်ပေါင်းများစွာ ပါဝင်ခဲ့ကြောင်း သိရသည်။

 

သီရိလင်္ကာနိုင်ငံတွင် အထွတ်အမြတ်ထားရာ တိရိစ္ဆာန်များအဖြစ် ဆင်များသည် ဘာသာရေးအခမ်းအနားပွဲ များနှင့် ရိုးရာဓလေ့ပွဲများတွင် မကြာခဏပါဝင်လေ့ရှိကြသည်။

 

(Xinhua)

 

#PeopleMedia #Srilanka, #INdiaTusker

 

(unicode)


………………………………………

 


 


 


 


 


 


 


 

(Xinhua)

 

#PeopleMedia #Srilanka, #INdiaTusker


Share this post