သီရိလကၤာ စစ္ဘက္ဆိုင္ရာေလယာဥ္ပ်က္က်၊ ၄ ဦးေသဆံုး

PUBLISHED - January 3, 2020
ႏုိင္ငံတကာ၊ ဇန္န၀ါရီ – ၃
သီရိလကၤာႏုိင္ငံ ေလတပ္က ေလယာဥ္တစ္စီးဟာ ေသာၾကာေန႔က လက္ဖက္စိုက္ပ်ိိဳးတဲ့ ေတာင္ကုန္းတစ္ခု ေပၚပ်က္က်ခဲ့ၿပီး ေလယာဥ္ေပၚလိုက္ပါလာတဲ့ အမႈထမ္း ၄ ဦးေသဆံုးခဲ့တယ္လို႔ စစ္တပ္အရာရွိတစ္ဦးက ေျပာ ပါတယ္။
ပ်က္က်ခဲ့တဲ့ေလယာဥ္ဟာ တ႐ုတ္ထုတ္ Y-12 ေလယာဥ္အမ်ိဳးအစားျဖစ္ပါတယ္။
ေလယာဥ္ပ်က္က်ရတဲ့အေၾကာင္းအရင္းကိုေတာ့ သက္ဆိုင္ရာက စံုစမ္းစစ္ေဆးေနဆဲျဖစ္ပါတယ္။
သီရိလကၤာႏုိင္ငံမွာ AN-32 စစ္ဘက္ဆိုင္ရာ သယ္ယူပို႔ေဆာင္ေရးေလယာဥ္ပ်က္က်ခဲ့ၿပီး လူ ၅ ဦး ေသဆံုးခဲ့တဲ့ ျဖစ္ရပ္ေနာက္ပိုင္း အခုေလယာဥ္ပ်က္က်မႈဟာ အဆိုးရြားဆံုးျဖစ္တယ္လို႔သိရပါတယ္။
Ref; gulftoday
(Unicode)
သီရိလင်္ကာ စစ်ဘက်ဆိုင်ရာလေယာဉ်ပျက်ကျ၊ ၄ ဦးသေဆုံး
…………………………………………………
နိုင်ငံတကာ၊ ဇန်နဝါရီ – ၃
သီရိလင်္ကာနိုင်ငံ လေတပ်က လေယာဉ်တစ်စီးဟာ သောကြာနေ့က လက်ဖက်စိုက်ပျိုးတဲ့ တောင်ကုန်းတစ်ခု ပေါ်ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်လိုက်ပါလာတဲ့ အမှုထမ်း ၄ ဦးသေဆုံးခဲ့တယ်လို့ စစ်တပ်အရာရှိတစ်ဦးက ပြော ပါတယ်။
ပျက်ကျခဲ့တဲ့လေယာဉ်ဟာ တရုတ်ထုတ် Y-12 လေယာဉ်အမျိုးအစားဖြစ်ပါတယ်။
လေယာဉ်ပျက်ကျရတဲ့အကြောင်းအရင်းကိုတော့ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။
သီရိလင်္ကာနိုင်ငံမှာ AN-32 စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလေယာဉ်ပျက်ကျခဲ့ပြီး လူ ၅ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်နောက်ပိုင်း အခုလေယာဉ်ပျက်ကျမှုဟာ အဆိုးရွားဆုံးဖြစ်တယ်လို့သိရပါတယ်။
Ref; gulftoday
#PeopleMedia #International