သီေပါၿမိဳ႕နယ္အတြင္း မိုင္းနင္းမိ၍ ႏိုင္ငံျခားသားတစ္ဦးေသဆုံး၊ တစ္ဦး ဒဏ္ရာရ

PUBLISHED - November 28, 2019
သီေပါ၊ ႏို၀င္ဘာ ၂၇
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ သီေပါၿမိဳ႕သို႔ အလည္အပတ္ေရာက္ရွိေနသည့္ ႏိုင္ငံျခားသားႏွစ္ဦး ယမန္ေန႔ မြန္းလြဲ ပိုင္းအခ်ိန္က မိုင္းနင္းမိ၍ တစ္ဦးေသဆုံး၊ တစ္ဦးဒဏ္ရာရရွိခဲ့ေၾကာင္း သီေပါၿမိဳ႕မရဲစခန္းမွ သိရသည္။
အဆိုပါ ႏိုင္ငံျခားသားႏွစ္ဦးမွာ သီေပါၿမိဳ႕သို႔ ႏို၀င္ဘာလ ၂၃ ရက္ေန႔ကတည္းက ေရာက္ရွိေနျခင္းျဖစ္ၿပီး ႏို၀င္ဘာလ ၂၆ ရက္ေန႔၊ မြန္းလြဲပိုင္း အခ်ိန္ခန္႔က သီေပါၿမိဳ႕နယ္ ပန္ေညာင္ရြာႏွင့္ ကြန္ေကာက္ရြာအၾကား မိုင္းနင္းမိခဲ့ျခင္း ျဖစ္ေၾကာင္း သီေပါရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက ေျပာျပသည္။
“သီေပါကေန နမ္ဆန္သို႔အသြားလမ္းမွာ မိုင္းနင္းမိခဲ့ၾကတာပါ၊ မိုင္းေပါက္ကြဲမႈေၾကာင့္ ဂ်ာမနီႏိုင္ငံသား Tim Geibler၊ (၄၀)ႏွစ္ က ေသဆုံးခဲ့တယ္၊ အာဂ်င္တီးနားႏိုင္ငံသူ Maria Delcarmen Piombo၊ (၃၉)ႏွစ္က မိုင္စ ထိမွန္ဒဏ္ရာရရွိခဲ့ပါတယ္” ဟု ၄င္းက ေျပာျပသည္။
အခင္းျဖစ္ပြားရာနယ္ေျမတြင္ မၾကာခဏတိုက္ပြဲျဖစ္ပြားမႈႏွင့္ မိုင္းေပါက္မႈျဖစ္စဉ္မ်ားရွိေၾကာင္း သြားေရာက္ ကူညီေပးခဲ့သည့္ နယ္စည္းမျခားပရဟိတအသင္းမွ ကိုေနာင္က ေျပာျပသည္။
“ဒီနယ္ေျမက တိုက္ပြဲမၾကာခဏ ျဖစ္ေနတဲ့ေနရာ၊ ႏိုင္ငံျခားသားေတြက လမ္းၫြန္လဲေခၚမသြားဘူး၊ ဒီနယ္ေျမ မွာ မိုင္းနင္းမိတဲ့ ျဖစ္စဥ္က မၾကာခဏျဖစ္တာ ကၽြန္ေတာ္တို႔ကို အေၾကာင္းၾကားလို႔ ေသတဲ့သူေရာ ဒဏ္ရာရသူ ကို သီေပါေဆး႐ုံကို ပို႔ေပးပါတယ္” ဟု ကိုေနာင္က ဆိုသည္။
ၿပီးခဲ့သည့္ ၂၀၁၈ခုႏွစ္အတြင္းကလည္း သီေပါၿမိဳ႕သို႔ လာေရာက္လည္ပတ္ခဲ့သည့္ ကိုးရီးယားႏိုင္ငံသူတစ္ဦး နမၼတူျမစ္အတြင္း ေရနစ္ေသဆုံးရသည့္ျဖစ္စဥ္ရွိသည္။
ထို႔အျပင္ ရွမ္းျပည္နယ္ေျမာက္ပိုင္း သီေပါ၊ ေက်ာက္မဲ၊ နမ့္ဆန္ၿမိဳ႕နယ္ နမၼတူၿမိဳ႕နယ္မ်ားတြင္ TNLA လက္နက္ ကိုင္အဖြဲ႕ႏွင့္ ျမန္မာ့တပ္မေတာ္အၾကား ထိေတြ႕တိုက္ပြဲ ျဖစ္ျခင္း၊ မိုင္းေပါက္ကြဲျခင္းမ်ား မၾကာခဏ ျဖစ္ေပၚေလ့ ရွိသည့္ ေနရာေဒသတစ္ခုျဖစ္သည္။
ယခုျဖစ္ပြားခဲ့သည့္ မိုင္းေပါက္ကြဲမႈေၾကာင့္ ႏိုင္ငံျခားသား တစ္ဦးေသဆုံးျခင္း၊ တစ္ဦးဒဏ္ရာရရွိခဲ့သည့္ကိစၥႏွင့္ ပတ္သက္၍ သီေပါၿမိဳ႕မရဲစခန္းက အမႈဖြင့္လွစ္ေဆာင္ရြက္ထားေၾကာင္း သိရသည္။
(Unicode)
သီပေါမြို့နယ်အတွင်း မိုင်းနင်းမိ၍ နိုင်ငံခြားသားတစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရ
…………………………………………………………
သီပေါ၊ နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့သို့ အလည်အပတ်ရောက်ရှိနေသည့် နိုင်ငံခြားသားနှစ်ဦး ယမန်နေ့ မွန်းလွဲ ပိုင်းအချိန်က မိုင်းနင်းမိ၍ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သီပေါမြို့မရဲစခန်းမှ သိရသည်။
အဆိုပါ နိုင်ငံခြားသားနှစ်ဦးမှာ သီပေါမြို့သို့ နိုဝင်ဘာလ ၂၃ ရက်နေ့ကတည်းက ရောက်ရှိနေခြင်းဖြစ်ပြီး နိုဝင်ဘာလ ၂၆ ရက်နေ့၊ မွန်းလွဲပိုင်း အချိန်ခန့်က သီပေါမြို့နယ် ပန်ညောင်ရွာနှင့် ကွန်ကောက်ရွာအကြား မိုင်းနင်းမိခဲ့ခြင်း ဖြစ်ကြောင်း သီပေါရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
“သီပေါကနေ နမ်ဆန်သို့အသွားလမ်းမှာ မိုင်းနင်းမိခဲ့ကြတာပါ၊ မိုင်းပေါက်ကွဲမှုကြောင့် ဂျာမနီနိုင်ငံသား Tim Geibler၊ (၄၀)နှစ် က သေဆုံးခဲ့တယ်၊ အာဂျင်တီးနားနိုင်ငံသူ Maria Delcarmen Piombo၊ (၃၉)နှစ်က မိုင်စ ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ၄င်းက ပြောပြသည်။
အခင်းဖြစ်ပွားရာနယ်မြေတွင် မကြာခဏတိုက်ပွဲဖြစ်ပွားမှုနှင့် မိုင်းပေါက်မှုဖြစ်စဉ်များရှိကြောင်း သွားရောက် ကူညီပေးခဲ့သည့် နယ်စည်းမခြားပရဟိတအသင်းမှ ကိုနောင်က ပြောပြသည်။
“ဒီနယ်မြေက တိုက်ပွဲမကြာခဏ ဖြစ်နေတဲ့နေရာ၊ နိုင်ငံခြားသားတွေက လမ်းညွန်လဲခေါ်မသွားဘူး၊ ဒီနယ်မြေ မှာ မိုင်းနင်းမိတဲ့ ဖြစ်စဉ်က မကြာခဏဖြစ်တာ ကျွန်တော်တို့ကို အကြောင်းကြားလို့ သေတဲ့သူရော ဒဏ်ရာရသူ ကို သီပေါဆေးရုံကို ပို့ပေးပါတယ်” ဟု ကိုနောင်က ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၈ခုနှစ်အတွင်းကလည်း သီပေါမြို့သို့ လာရောက်လည်ပတ်ခဲ့သည့် ကိုးရီးယားနိုင်ငံသူတစ်ဦး နမ္မတူမြစ်အတွင်း ရေနစ်သေဆုံးရသည့်ဖြစ်စဉ်ရှိသည်။
ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ၊ ကျောက်မဲ၊ နမ့်ဆန်မြို့နယ် နမ္မတူမြို့နယ်များတွင် TNLA လက်နက် ကိုင်အဖွဲ့နှင့် မြန်မာ့တပ်မတော်အကြား ထိတွေ့တိုက်ပွဲ ဖြစ်ခြင်း၊ မိုင်းပေါက်ကွဲခြင်းများ မကြာခဏ ဖြစ်ပေါ်လေ့ ရှိသည့် နေရာဒေသတစ်ခုဖြစ်သည်။
ယခုဖြစ်ပွားခဲ့သည့် မိုင်းပေါက်ကွဲမှုကြောင့် နိုင်ငံခြားသား တစ်ဦးသေဆုံးခြင်း၊ တစ်ဦးဒဏ်ရာရရှိခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ သီပေါမြို့မရဲစခန်းက အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။
#PeopleMedia