• Follow Us on
Latest News

Home သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် ငှားရမ်းနေထိုင်ခွင့်ရရှိသူများ ကိုယ်တိုင်နေထိုင်ခြင်း မပြုဘဲတစ်ဆင့်ငှား ရမ်းခြင်း၊ လွှဲပြောင်းခြင်းများရှိပါကအိမ်ခန်းငှားရမ်းခွင့်ကို ရုပ်သိမ်းပြီးအရေးယူဆောင်ရွက်မည်

သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် ငှားရမ်းနေထိုင်ခွင့်ရရှိသူများ ကိုယ်တိုင်နေထိုင်ခြင်း မပြုဘဲတစ်ဆင့်ငှား ရမ်းခြင်း၊ လွှဲပြောင်းခြင်းများရှိပါကအိမ်ခန်းငှားရမ်းခွင့်ကို ရုပ်သိမ်းပြီးအရေးယူဆောင်ရွက်မည်

Share this post

နေပြည်တော်၊ မတ် ၁၈

 

သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် ငှားရမ်းနေထိုင်ခွင့်ရရှိသူများ ကိုယ်တိုင်နေထိုင်ခြင်းမပြုဘဲ တစ်ဆင့် ငှားရမ်းခြင်း လွှဲပြောင်းခြင်းများရှိပါက အိမ်ခန်းငှားရမ်းခွင့်ကို ရုပ်သိမ်းပြီး ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနမှ အသိပေးကြေညာထားသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေရေးအခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်  အမှတ်၂ လမ်းမကြီးနှင့်မြို့ပတ်လမ်းဆုံအနီး   (Toll gate အနီး) တည် ဆောက်နေသော သုခ ဂုံ ပြည်သူ့အငှားအိမ်ရာရှိ  (၅၈၈ ) စတုရန်းပေကျယ်ဝန်းသော အခန်းများတွင် နေရေးအခက်အခဲ ရှိသူများကို (၅) နှစ် ငှားရမ်းနေထိုင်ခွင့် ပြုထားခြင်းဖြစ်‌ကြောင်း သိရသည်။

 

မသမာသူအချို့မှ အခန်းနေထိုင်ခွင့်ရမည်ဟု မက်လုံးပေးပြီး ငွေတောင်းခံ လိမ်လည်သူများရှိနေပါသဖြင့် သတိပြုကြရန်နှင့် ပြည်သူများအနေဖြင့် အလိမ်ခံရခြင်းမရှိစေရန် မြို့ပြနှင့် အိမ်ရာဖွံဖြိုးရေးဦးစီးဌာနမှ အသိပေးထားသည်။

 

မကြာမီ ထပ်မံပြီးစီးမည့် တိုက်(၅) လုံးကို မဲနှိုက်နေရာချ ထားပေးမည်ဖြစ်ကြောင်း  မြို့ပြနှင့် အိမ်ရာဖွံဖြိုး ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

 

Photo-Credit

#PeopleMedia


Share this post