• Follow Us on

Home သုဝဏ္ဏဘူမိလေဆိပ်ကို ခရီးသည် သန်း ၁၅၀ အထိ ဝင်ရောက်လာနိုင်ရန် ထိုင်းအစိုးရ ရည်မှန်းချက် ချမှတ် ထား

သုဝဏ္ဏဘူမိလေဆိပ်ကို ခရီးသည် သန်း ၁၅၀ အထိ ဝင်ရောက်လာနိုင်ရန် ထိုင်းအစိုးရ ရည်မှန်းချက် ချမှတ် ထား

Share this post

နိုင်ငံတကာ၊ မတ် ၂

 

၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံ ဆမွတ်ပရာကန်ပြည်နယ် သုဝဏ္ဏဘူမိလေဆိပ်ကို ကမ္ဘာလှည့်ခရီးသည်ဝင် ရောက်မှုနှုန်း နှစ်ဆကျော်ဖြစ်တဲ့ သန်း ၁၅၀ အထိ တိုးမြှင့်ဝင်ရောက်လာနိုင်ရန် ရည်မှန်းချက် ချမှတ်ထား ကြောင်း ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်က သောကြာနေ့ (မတ်လ ၁ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

လက်ရှိအချိန်မှာ ခရီးသည် သန်း ၆၀ ဝင်ရောက်လာမှုကို ကိုင်တွယ်ထိန်းချုပ်ထားနိုင်တဲ့ ထိုင်းနိုင်ငံရဲ့အဓိက လေဆိပ်ဖြစ်တဲ့ သုဝဏ္ဏဘူမိလေဆိပ်မှာ တတိယမြောက် လေယာဉ်ပြေးလမ်းတစ်ခုကို ထပ်မံတိုးချဲ့ဖောက် လုပ်သွားမှာဖြစ်ပါတယ်။

 

အဲဒီပြေးလမ်းတိုးချဲ့မှုကြောင့် တစ်နာရီကို လေယာဉ်ခရီးစဉ် ၆၀ လက်ခံနိုင်တဲ့ လေဆိပ်ဟာ အခုနှစ်အောက် တိုဘာလမတိုင်ခင် တစ်နာရီကို ခရီးစဉ် ၉၀ အထိ လက်ခံလာနိုင်မှာဖြစ်ကြောင်း လေဆိပ်များအဆင့်မြှင့်တင် ရေးအစည်းအဝေးတစ်ခုမှာ ဝန်ကြီးချုပ်ဆရက်ထာက ပြောပါတယ်။

 

တိုးချဲ့ဆောက်လုပ်မှုအတွက် ကုန်ကျစရိတ်နဲ့ ရန်ပုံငွေ ဘယ်ကနေ သုံးစွဲမယ်ဆိုတာကိုတော့ ဝန်ကြီးချုပ်က ပြောဆိုခြင်း မရှိပါဘူး။

 

“သုဝဏ္ဏဘူမိလေဆိပ်ဟာ လာမယ့်နှစ်မှာ ကမ္ဘာ့ထိပ်ဆုံး လေဆိပ် ၅၀ ထဲက လေဆိပ်တစ်ခုဖြစ်လာမှာပါ။” လို့ ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်တဲ့ ဝန်ကြီးချုပ်ဆရက်ထာက ပြောပါတယ်။

 

လက်ရှိအချိန်မှာ သုဝဏ္ဏဘူမိလေဆိပ်ဟာ Skytrax World Airport Awards ညွှန်းကိန်းအရ အဆင့် ၆၈ မှာရှိပါတယ်။

 

ထိုင်းအစိုးရအနေနဲ့ သုဝဏ္ဏဘူမိလေဆိပ်ကို ကမ္ဘာ့ထိပ်တန်းလေဆိပ် ၂၀ ထဲမှာပါဝင်တဲ့ လေဆိပ်တစ်ခုဖြစ်စေ လိုကြောင်း ဆရက်ထာက ပြောပါတယ်။

 

လေဆိပ်အတွင်း လူဝင်မှုကြီးကြပ်ရေးဌာနရဲ့စစ်ဆေးမှုနဲ့ တန်းစီရတာ ရှည်ကြာတဲ့အတွက် ပြည်တွင်း/ပြည်ပ ခရီးသွားတွေဟာ လူမှုကွန်ရက်တွေပေါ်မှာ တိုင်တန်းညည်းတွားနေကြပါတယ်။

 

ဘန်ကောက်မြို့မှာရှိတဲ့ ဒွန်မောင်းလေဆိပ်မှာလည်း တာမနယ်အသစ်တစ်ခု တိုးချဲ့တည်ဆောက်ထားတဲ့အ တွက် တစ်နှစ်ကို ခရီးသည် သန်း ၃၀ ကနေ သန်း ၅၀ အထိ လက်ခံနိုင်ကြောင်း မစ္စတာဆရက်ထာက ပြော ပါတယ်။

 

ထိုင်းအစိုးရအနေနဲ့ အရှေ့တောင်အာရှ ဒုတိယအကြီးဆုံးစီးပွားရေးလုပ်ငန်းရဲ့ အဓိကမောင်းနှင်အားတစ်ခုဖြစ် တဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကိုထောက်ပံ့ဖို့အတွက် ဒေသတွင်းလေဆိပ်တွေကို အဆင့်မြှင့်တင်သွားမှာဖြစ် သလို အက်ဒမန်ဒေသလို ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားတဲ့နေရာတွေမှာလည်း လေဆိပ်သစ်တွေ တိုးချဲ့ တည်ဆောက်သွားဖို့ စီစဉ်နေတယ်လို့ ၎င်းက ပြောပါတယ်။

 

နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ဖူးခက်လေဆိပ်မှာလည်း နှစ်စဉ် ခရီးသည် ၁၂.၅ သန်းကနေ ၁၈ သန်းအထိ ထိန်းချုပ် သွားမှာဖြစ်ပြီး လေဆိပ်သစ်တစ်ခုကိုလည်း တိုးချဲ့တည်ဆောက်သွားဖို့ရှိကြောင်း ၎င်းက ပြောပါတယ်။ ဒါ့အပြင် နိုင်ငံမြောက်ပိုင်းက ချင်းမိုင်လေဆိပ်မှာလည်း ခရီးသည်နှစ်ဆတိုးလက်ခံသွားနိုင်အောင် စီစဉ်ထားတဲ့ အတွက် ၂၀၂၉ ခုနှစ်မတိုင်ခင် ခရီးသည် ၁၆.၅ သန်း လက်ခံနိုင်မှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

“ထိုင်းနိုင်ငံဟာ ဒေသတွင်း လေကြောင်းခရီးစဉ်ဗဟိုချက်မဖြစ်လာနိုင်ပါတယ်။ လေဆိပ်တွေ အဆင့်မြှင့်တင် နေတာဟာ စီးပွားရေးအတွက် သင့်တော်ကောင်းမွန်တဲ့အလုပ်ဖြစ်ပါတယ်။” လို့ ဝန်ကြီးချုပ်ဆရက်ထာက ပြော ပါတယ်။

 

Ref: Govt targets 150 million passengers at Suvarnabhumi airport

 

#PeopleMedia


Share this post