• Follow Us on
Latest News

Home သုဝဏ္ဏဘူမိလေဆိပ်ကို ရှောင်တခင်စစ်ဆေးရာမှာ အားရမှုမရှိကြောင်း ဝန်ကြီးချုပ်ဆရက်ထာပြော

သုဝဏ္ဏဘူမိလေဆိပ်ကို ရှောင်တခင်စစ်ဆေးရာမှာ အားရမှုမရှိကြောင်း ဝန်ကြီးချုပ်ဆရက်ထာပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၆

 

ထိုင်းဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်ဟာ သုဝဏ္ဏဘူမိလေဆိပ်ကို ကြိုတင်ကြေညာထားခြင်းမရှိဘဲ စနေနေ့ (ဖေဖော်ဝါရီ ၂၄ ရက်နေ့) က ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ စိတ်ပျက်စရာကောင်းတဲ့ အဝင်/အထွက် (ဆိုက်ရောက်/ထွက်ခွာ) လူတန်းရှည်ကြီးကိုတွေ့ခဲ့ရကြောင်း The Nation မှာ ရေးသားဖော်ပြထားပါတယ်။

 

ဖေဖော်ဝါရီ ၅ ရက်နေ့က အကြောင်းမကြားဘဲ ရှောင်တခင်ဝင်ရောက်ခဲ့တဲ့ ၎င်းရဲ့စစ်ဆေးမှုကို ဆက်လက်အ ရေးယူဆောင်ရွက်တဲ့အနေနဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ (စနေနေ့) မှာ နောက်ထပ် ရှောင်တခင်စစ်ဆေးမှုတစ် ခုပြုလုပ်ခဲ့ကြောင်း ဆရက်ထာက ၎င်းရဲ့ X လူမှုကွန်ရက်အကောင့်မှာ စနေနေ့ညက ရေးသားထားပါတယ်။

 

“အရင်တစ်ခေါက်မနက်ပိုင်းမှာလုပ်ခဲ့သလိုပဲ ကြိုတင်အကြောင်းမကြားဘဲ သုဝဏ္ဏဘူမိလေဆိပ်က ဝန်ဆောင်မှု စနစ်တွေကို ရှောင်တခင် သွားရောက်စစ်ဆေးခဲ့ပါတယ်။ ဒီတစ်ခေါက်တော့ ကျွန်တော် ညနေပိုင်းမှာ သွား ရောက်ခဲ့တာပါ။ ခရီးသည်တွေအများအပြားတွေ့ခဲ့ပါတယ်။” လို့ X မှာ ရေးသားထားပါတယ်။

 

လေဆိပ်ထဲက ဆိုက်ရောက်/ထွက်ခွာ ဌာနနှစ်ခုစလုံးမှာ ခရီးသည်တွေရဲ့ လူတန်းကြီးတွေဟာ ရှည်လျားလွန်း လှကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ “ထွက်ခွာဌာနအပိုင်းမှာ ခရီးသည်တစ်ဦး ယာဉ်ပေါ်ကဆင်းလာပြီး စစ်ဆေးရေးဂိတ်ထဲဝင်သွားပြီးနောက် လုံခြုံ ရေးစနစ်တွေကို ဖြတ်သန်းပြီး လေယာဉ်ပေါ်တက်ဖို့ စောင့်နေရတဲ့ တာမနယ်အထိ လျှောက်သွားရတဲ့အချိန်တွေကို ကျွန်တော်ထိုင်မှတ်ခဲ့ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

“ဆိုက်ရောက်ဌာနမှာလည်း လေယာဉ်ပေါ်ကဆင်းလာတဲ့ ခရီးသည်တစ်ဦး လူဝင်မှုကြီးကြပ်ရေးကောင်တာ တွေ ကနေ လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို ဖြတ်ကျော်ရတဲ့အချိန်တွေအားလုံးကို ကျွန်တော် အသေးစိတ် မှတ်ထားပါတယ်။ ခရီးသည်တွေ အချိန်တော်တော်ယူရတာကို တွေ့လိုက်ရပါတယ်။” လို့ ၎င်းကပြောပါတယ်။

 

အဲဒီအချိန်တွေကို လျှော့ချနိုင်မလားလို့ တာဝန်ရှိအရာရှိတွေကို မေးမြန်းခဲ့ကြောင်း၊ ခရီးသည်တွေဖြတ်သန်းရ တဲ့အချိန်ဟာ အပြောင်းအလဲအမျိုးမျိုးရှိနိုင်ပြီး တသမတ်တည်းမရှိဘူးလို့ အဲဒီအရာရှိတွေက ပြန်လည်ဖြေကြား ခဲ့ကြောင်း ဆရက်ထာက ပြောပါတယ်။

 

“ပိုပြီး အချိန်ကုန်သက်သာအောင် အမြန်ဆုံးဆောင်ရွက်ဖို့ လိုအပ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ခရီးသည်အကျပ်ဆုံးအချိန်မှာ လုပ်ငန်းတစ်ဆို့ကြန့်ကြာနေတဲ့ အကြောင်းရင်းကို သိရှိနိုင်ဖို့အတွက် ထိုင်းလေ ဆိပ်အာဏာပိုင်တွေနဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က အမှုဆောင်အရာရှိတွေကို ကိုယ်တိုင်သွားရောက်ကြီးကြပ် စစ်ဆေးစေလိုကြောင်း ဝန်ကြီးချုပ်ဆရက်ထာက ပြောပါတယ်။

 

“နောက်ထပ်တစ်ကြိမ် အခုလိုပဲ ကြိုတင်အကြောင်းမကြားဘဲ အငိုက်ဖမ်းစစ်ဆးသွားဦးမှာဖြစ်ပါတယ်။” လု့ိ ဆရက်ထာက ၎င်းရဲ့ပို့စ်မှာ ရေးသားထားပါတယ်။

 

“ကျွန်တော်တို့ဟာ ထိုင်းနိုင်ငံကို လေယာဉ်ခရီးစဉ်တွေရဲ့ ဗဟိုချက်မတစ်ခုဖြစ်အောင် ကြိုးစားနေသလို နိုင်ငံ ခြားသားကမ္ဘာလှည့်ခရီးသွားတွေအတွက်လည်း တံခါးဖွင့်ထားတဲ့နိုင်ငံပါ။ ဒါ့ကြောင့် နိုင်ငံခြားသားခရီးသည်တွေ လေယာဉ်ပေါ်က ဆင်းလိုက်တာနဲ့ သဘောကျနှစ်ခြိုက်သွားအောင် လုပ်ငန်းဆောင်ရွက်နေတဲ့ အရာရှိတွေအ နေနဲ့ (ခရီးသည်တွေရဲ့ပြဿနာကို နားထောင်ပေးရုံမဟုတ်ဘဲ ဂရုတစိုက်ဖြေရှင်းပေးတဲ့) ဝန်ဆောင်မှုစိတ်ဓာတ် ထားပြီး ခရီးသည်တွေကို စောင့်ရှောက်ပေးစေချင်ပါတယ်။” လို့ ဆရက်ထာက ပြောပါတယ်။

 

ထိုင်းနိုင်ငံရဲ့ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တိုးတက်လာဖို့အတွက် သက်ဆိုင်ရာအရာရှိတွေအနေနနဲ့ အဲဒီနှောင့် နှေးကြန့်ကြာမှုတွေကို ပြဿနာအဖြစ်မမြင်ဘဲ စိန်ခေါ်မှုတွေအဖြစ် မြင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဆရက် ထာက ပြောပါတယ်။

 

Ref: Srettha disappointed after unannounced check at Suvarnabhumi Airport

 

#PeopleMedia


Share this post