• Follow Us on

Home သုံးခွမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၏ ဇနီးကို စစ်သွေးကြွ PDF တွေ ဝင်ရောက်သတ်ဖြတ်သွား

သုံးခွမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၏ ဇနီးကို စစ်သွေးကြွ PDF တွေ ဝင်ရောက်သတ်ဖြတ်သွား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၃၀

 

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ အနောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးမြင့်၏ ဇနီး ဒေါ်မာမာအေးကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ဝင်ရောက်သတ်ဖြတ်သွားကြောင်း သိရသည်။

 

အောက်တိုဘာလ (၂၉)ရက် ည (၈)နာရီခွဲအချိန်က အနောက်ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ဇနီးဖြစ်သူ အသက် (၆၄)နှစ်အရွယ် ဒေါ်မာမာအေးသည် နေအိမ်တွင် တစ်ဦးတည်းရှိနေစဉ် စစ်သွေးကြွ PDF အဖွဲ့ဝင်များ ရောက်ရှိလာကာ သတ်ဖြတ်သွားကြောင်း သိရသည်။

 

စစ်သွေးကြွ PDF အဖွဲ့ဝင်များ၏ သတ်ဖြတ်မှုကြောင့် ဒေါ်မာမာအေး၏ မျက်နှာ၊ ဦးခေါင်းနှင့် လက်တို့တွင် ဓားဒဏ်ရာများ ရရှိကာ အခင်းဖြစ်ပွါးသည့် နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

#PeopleMedia


Share this post