သုံးဆယ်မြို့တွင် သမီးဖြစ်သူ ဆရာဝန်ကို ဆိုင်ကယ်ဖြင့်ကြိုပြီး ပြန်လာသည့် အမျိုးသမီးအုပ်ချုပ်ရေးမှူး သေ နတ်ဖြင့် လုပ်ကြံခံရ
PUBLISHED - September 12, 2023
နေပြည်တော်၊ စက်တင်ဘာ ၁၂
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့တွင် သမီးဖြစ်သူ ဆရာဝန်ကို ဆေးခန်းမှ ဆိုင် ကယ်ဖြင့်ကြိုပြီး ပြန်လာသည့် စံရွေးတန်းရပ်ကွက် အမျိုးသမီးအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် လုပ်ကြံခံရကြောင်း သိရသည်။
စက်တင်ဘာလ (၁၁) ရက် ညနေ (၆) နာရီခန့်က စံရွေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သည့် အသက် ၅၀ နှစ်အရွယ် ဒေါ်သိမ့်သိမ့်လွင်သည် ခလရ ၃၅ တပ်နောက်ရှိ သာယာအေးကျေးရွာတွင် ၎င်း၏ သမီးဖြစ်သူ ဖွင့် လှစ်ထားသည့် ဆေးခန်းမှ သမီးဖြစ်သူနဲ့အတူ ဆိုင်ကယ်စီးပြီး ပြန်လာခဲ့သည်။
ထိုသို့ပြန်လာချိန် ဂွေးချောင်း – ဖားရွှေကျော် ကျေးလက်ဆက်သွယ်ရေးလမ်း ခလရ ၃၅ ပါတ်လမ်း အရောက် တွင် PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် အုပ်ချုပ်ရေးမှူး ဒေါ်သိမ့်သိမ့်လွင်၏ ဦးခေါင်းနှင့် ရင် ဘတ်တွင် သေနတ်ဒဏ်ရာ သုံးချက်ရရှိကာ အခင်းဖြစ်ပွါးသည့်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
စံရွေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်သိမ့်သိမ့်လွင်သည် ရပ်ကွက်အတွင်းရှိ သာရေး၊နာရေး အလှူအတန်း ကိစ္စများအပြင် ရပ်ကွက်ရုံး ဆွမ်းလောင်းအသင်းကိုလည်း ဦးစီးကာ လုပ်ကိုင်ဆောင်ရွက်နေသူဖြစ်ကြောင်း အဆိုပါရပ်ကွက်ရှိ ပြည်သူများ၏ ပြောကြားချက်အရ သိရသည်။
ဒေါ်သိမ့်သိမ့်လွင်အနေဖြင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၂၅) ရက်က PDF အဖွဲ့ဝင်များမှ ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားသည့် စံရွေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုထွန်းထွန်း၏ နေရာတွင် အစားဝင်ရောက်သူ ဖြစ်သည်။
#PeopleMedia