• Follow Us on

Home သုံးနှစ်အတွင်း ဘဏ်နှင့် ရွှေဆိုင်များ ဓားပြတိုက်လုယက်မှု ၈၂ မှုရှိခဲ့ပြီး ရွှေဆိုင်လုယက်မှုများ၏ ၂၀ ရာခိုင်နှုန်း ကျော်သာ ဖမ်းဆီးအရေးယူနိုင်ကြောင်း Data For Myanmar ထုတ်ပြန်

သုံးနှစ်အတွင်း ဘဏ်နှင့် ရွှေဆိုင်များ ဓားပြတိုက်လုယက်မှု ၈၂ မှုရှိခဲ့ပြီး ရွှေဆိုင်လုယက်မှုများ၏ ၂၀ ရာခိုင်နှုန်း ကျော်သာ ဖမ်းဆီးအရေးယူနိုင်ကြောင်း Data For Myanmar ထုတ်ပြန်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၃

 

၂၀၂၁ခုနှစ်အတွင်းမှ စတင်ကာ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီအထိ ဘဏ်နှင့်ရွှေဆိုင်များ ဓားပြတိုက် လုယက်မှုပေါင်း ၈၂ မှုရှိခဲ့ပြီး ရွှေဆိုင်လုယက်မှုများ၏ ၂၀ ရာခိုင်နှုန်းကျော်သာ ဖမ်းဆီးအရေးယူနိုင်ကြောင်း Data For Myanmar မှ ထုတ်ပြန်ထားသည်။

 

ဘဏ်လုယက်မှု ဖြစ်စဉ်များတွင် ၂၀၂၁ခုနှစ်မှ ၂၀၂၂ခုနှစ် အတွင်း အများဆုံး ဖြစ်ပွားခဲ့ပြီး ယင်းနောက်ပိုင်းတွင် တဖြေးဖြေးနှင့် လျော့နည်းလာပြီး၊ ရွှေဆိုင်လုယက်မှုဖြစ်စဉ်များ အနေနှင့် ပိုများလာခဲ့ပြီး  ၂၀၂၂ မေလမှ ၂၀၂၄ ဖေဖော်ဝါရီလထိ လတိုင်း အနည်းဆုံး တစ်ကြိမ်ဖြစ်နေကြောင်း ထုတ်ပြန်ထားသည်။

 

သုံးနှစ်အတွင်း ဘဏ်အဆောက်အဦအတွင်း ဝင်ရောက်လုယက်မှု ၂၅ မှုှနှင့် ရွှေဆိုင်များ အတွင်း ဝင်ရောက် လုယက်မှု ၅၇ မှုဖြစ်၍ စုစုပေါင်း ၈၂မှု ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

ဓားပြတိုက်လုယက်မှုဖြစ်ပွားသည့် နေရာများမှာ မန္တလေးတွင် ရွှေဆိုင်လုယက်မှု ၁၂ခု၊ ရန်ကုန်တွင် ၆ခု၊ ဖားကန့် ၃ ခုဖြစ်ပွားပြီး၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ မြို့များတွင်လည်း ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ပြစ်မှုကျူးလွန်သူအရေအတွက်ကို ကြည့်ပါက လူ ၄ဦး ပါဝင်ခဲ့သည့် ဖြစ်စဉ်အရေအတွက်မှာ ၁၅ခုရှိပြီး၊ လူ ၂ဦးပါဝင်သည့် ဖြစ်စဉ်က ၁၂ခု၊ တစ်ယောက်တည်းကျူးလွန်သည့် ဖြစ်စဉ် ၉ ခုနှင့် လူ ၅ ဦးနှင့်အထက် ကျူးလွန်သည့် ဖြစ်စဉ် ၁၅ ခုရှိကြောင်း Data For Myanmar မှ ထုတ်ပြန်ထားသည်။

 

ယေဘုယျအားဖြင့် ရဲတပ်ဖွဲ့အနေနှင့် ဘဏ်လုယက်မှုဖြစ်စဉ်များနှင့် ပတ်သက်သည့် ကျူးလွန်သူများကို ဖမ်းဆီးအရေးယူတာ ပိုမိုလုပ်ဆောင်လေ့ရှိပြီး၊ ရွှေဆိုင်လုယက်မှုများ၏ ၂၀ရာခိုင်နှုန်းကျော်သာ ဖမ်းဆီးအရေးယူနိုင်ခြင်း တွေ့ရကြောင်း Data For Myanmar မှ ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post