• Follow Us on

Home သုဿန်အကျော်တွင် အမျိုးသားတစ်ဦး ဝါးရင်းတုတ်ဖြင့်ရိုက်ခံရ၍ သေဆုံး

သုဿန်အကျော်တွင် အမျိုးသားတစ်ဦး ဝါးရင်းတုတ်ဖြင့်ရိုက်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ သြဂုတ် ၂၆

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့၊ လက်ပံကုန်းသုဿာန်အကျော်တွင် အမျိုးသားတစ်ဦး ဝါးရင်းတုတ်ဖြင့်ရိုက်ခံရ၍ သေဆုံးနေကြောင်း သိရသည်။

 

သြဂုတ်လ ၂၅ ရက် နံနက် ၈ နာရီအချိန်တွင် သုတိတာလူမှုကူညီရေးအသင်းသို့ ဖုန်းဆက်အကြောင်းကြား သောကြောင့် ဖြစ်စဉ်နေရာသို့သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

 

ထိုဝါးရင်းတုတ်ဖြင့် ဦးခေါင်းကို ရိုက်ခံရမူကြောင့် အခင်းနေရာတွင် သေဆုံးပြီး ထိုအမျိုးသားကို ဝါးရင်းတုတ် ဖြင့်ရိုက်သည့် ကျူးလွန်သူအမျိုးသားကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း၊ ၎င်းတို့မှာ မည်သည့်ကိစ္စကြောင့် ဖြစ်ပွား သည်ကို သိရှိရခြင်းမရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post