• Follow Us on

Home သူလျှိုလုပ်ငန်းမှာအသုံးပြုဖို့ အမေရိကန်စစ်သည်တွေကို လစာကောင်းကောင်းပေးပြီး စည်းရုံးလာနိုင်ကြောင်း အမေရိကန်ကြည်းတပ် သတိပေး

သူလျှိုလုပ်ငန်းမှာအသုံးပြုဖို့ အမေရိကန်စစ်သည်တွေကို လစာကောင်းကောင်းပေးပြီး စည်းရုံးလာနိုင်ကြောင်း အမေရိကန်ကြည်းတပ် သတိပေး

Share this post

နိုင်ငံတကာ၊ ဇွန် ၁၄

 

အမေရိကန်စစ်သည်တွေကို သူလျှိုလုပ်ငန်းတွေမှာ အသုံးပြုလာနိုင်တဲ့အတွက် လစာကောင်းကောင်းပေးပြီး ကမ်းလှမ်းလာတဲ့ လုပ်ငန်းမျိုးစုံကို ပိုမိုဂရုစိုက်ဖို့ လိုအပ်ကြောင်း အမေရိကန်ကြည်းတပ်က ၎င်းတို့စစ်သည် တွေကို သတိပေးလိုက်ပါတယ်။

 

အမေရိကန်တပ်မတော်နဲ့ ဆက်စပ်နေတဲ့သူတွေကိုဖြစ်စေ အမေရိကန်စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကန် ထရိုက်လုပ်ငန်းတွေအကြောင်း သိထားတဲ့သူတွေကိုဖြစ်စေ လိုတာထက်ပိုကောင်းလွန်းနေတဲ့ သံသယဖြစ်ဖွယ် ရာအလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ပစ်မှတ်ထားစည်းရုံးလာနိုင်ကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က ထုတ်ဝေခဲ့တဲ့ ရုံးစာထဲမှာ ဖော်ပြထားပါတယ်။

 

ပြည်ပနိုင်ငံတွေက ထောက်လှမ်းရေးအဖွဲ့အစည်းတွေဟာ လျှို့ဝှက်သတင်းတွေရရှိဖို့အတွက် အမေရိကန်တပ် ထဲက စစ်သည်တွေ၊ အရပ်သားဝန်ထမ်းတွေကို ဆက်သွယ်ဖို့ များသောအားဖြင့် LinkedIn၊ Reddit နဲ့ Discord တို့လို လူမှုကွန်ရက်တွေကို အသုံးပြုလေ့ရှိကြောင်း အဲဒီစာထဲမှာ ဖော်ပြထားပါတယ်။

 

အမေရိကန်စစ်တပ်နဲ့ဆက်နွယ်သူတွေကို ဖြားယောင်းသွေးဆောင်ဖို့အတွက် လစာမတန်တဆပေးမယ်လို့ စည်းရုံးပြီး တရုတ်နိုင်ငံနဲ့ တခြားနိုင်ငံတွေကို ခေါ်ယူနေတာဖြစ်ပါတယ်။

 

လက်ရှိတာဝန်ထမ်းဆောင်နေတဲ့စစ်သည်တွေအပြင် တပ်တွင်းမိသားစုဝင်တွေကိုလည်း ပစ်မှတ်ထား စည်းရုံး နေကြောင်း အမေရိကန်ကြည်းတပ်က ပြောပါတယ်။

 

အမေရိကန်စစ်သည်တွေကို စည်းရုံးသိမ်းသွင်းနေသူတွေဟာ ကနဦးမှာ “အလုပ်အကိုင်နေရာ၊ အသက်၊ ဝါသနာ” စတဲ့ သမရိုးကျမေးခွန်းတွေကိုသာ မေးလေ့ရှိကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

 

သံသယဖြစ်ဖွယ်သူလျှိုစုဆောင်းသူတွေဟာ လျှို့ဝှက်သတင်းအချက်အလက်တွေကို ဘယ်တော့မှ တိုက်ရိုက် မေးလေ့မရှိဘဲ အချိန်တစ်ခုရောက်တဲ့အချိန်မှာ သမရိုးကျမေးခွန်းတွေကနေ တစ်ဆင့်ပြီး တစ်ဆင့် အရှိန်မြှင့် တင်လာတာဖြစ်ပါတယ်။

 

တချို့မေးခွန်းတွေထဲမှာ ထိုင်ဝမ်၊ ယူကရိန်း၊ အစ္စရေးတို့နဲ့ ပတ်သက်တဲ့ နိုင်ငံခြားရေးမူဝါဒတွေနဲ့ ပထဝီနိုင်ငံရေး စိုးရိမ်ပူပန်မှုတေါအကြောင်းကို မေးမြန်းစုံစမ်းတာမျိုးတွေ ပါဝင်လေ့ရှိပါတယ်။

 

အဲဒီလို ငွေကြေးနဲ့ ဖြားယောင်းပြီး လျှို့ဝှက်သတင်းအချက်အလက်တွေ စုဆောင်းလာတဲ့ သံသယဖြစ်ဖွယ် တစ် စုံတစ်ဦးတွေ့ရှိခဲ့မယ်ဆိုရင် သတင်းပို့ဖို့ အမေရိကန်ကြည်းတပ်က ၎င်းတို့ စစ်သည်တွေကို တိုက်တွန်းထားပါ တယ်။

 

တရုတ်နိုင်ငံဟာ ၎င်းတို့လေသူရဲတွေကို လေ့ကျင့်သင်ကြားပေးဖို့အတွက် အနောက်နိုင်ငံတွေက လေသူရဲတွေ ကို အရှိန်မြှင့်ရှာဖွေစုဆောင်းနေကြောင်း အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက အခုလ အစောပိုင်းက သတိပေး ခဲ့ကြပါတယ်။ အဲဒီလေသူရဲတွေဟာ လေကြောင်းတိုက်ခိုက်မှုနည်းဗျူဟာတွေ၊ လေယာဉ်တင်သင်္ဘောပေါ်မှာ လေယာဉ်ဆင်း သက်ပုံတွေနဲ့ အနောက်နိုင်ငံထုတ်လေယာဉ်တွေကို ရင်ဆိုင်ပုံတွေနဲ့ ပတ်သက်ပြီး အားလုံးကို သင်ကြားပေးနိုင် တယ်လို့ ဆိုပါတယ်။

 

Ref: US Army Warns Troops against Job Offers amid Chinese Espionage Concerns

 

#PeopleMedia


Share this post