သေဆုံးသည့်ရုပ်အလောင်းကို လူမှုကူညီရေးယာဉ်ဖြင့်သယ်ဆောင်လာစဉ် စက်ချို့ယွင်း၍ လမ်းဘေး သစ်ပင်အားတိုက်မိရာ (၅) ဦး ပွန်းပဲ့ဒဏ်ရာရ

PUBLISHED - March 15, 2025
နေပြည်တော်၊ မတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ သခင်မြပန်းခြံ၊ EV အားသွင်းစင်တာအနီးတွင် ရန်ကုန်ပြည်သူ့ဆေး ရုံကြီးမှ သေဆုံးသည့်ရုပ်အလောင်းကို လူမှုကူညီရေးအသင်းယာဉ်ဖြင့် သယ်ဆောင်လာစဉ် စက်ချို့ယွင်း၍ လမ်းဘေးသစ်ပင်အားတိုက်မိရာ လူမှုကူညီရေးယာဉ်ပေါ်တွင်လိုက်ပါလာသူ (၅) ဦးပွန်းပဲ့ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်မှာ မတ်လ ၁၄ ရက် နေ့လည် ၃ နာရီဝန်းကျင်းတွင် ရန်ကုန်ဆေးရုံကြီးမှ နှလုံးရောဂါဖြင့် သေဆုံးသည့် ရုပ်အလောင်းကို ကျိုက်လက်မြို့ရှိလူမှုကူညီရေးအသင်းယာဉ်ဖြင့် သယ်ဆောင်လာစဉ် သခင်မြပန်းခြံ၊ EV အားသွင်းစင်တာအနီးတွင် ထိုအသင်းယာဉ်မှစီယာတိုင်ချို့ယွင်း၍ လမ်းဘေးသစ်ပင်ကို တိုက်မိရာ ပရဟိတယာဉ်မောင်းသည့်အမျိုးသားအပါ (၅) ဦးပွန်းပဲ့ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဆေးရုံကိုအလောင်းသွားသည်ပြီး အိမ်ကိုသယ်လာတာ။ အဲ့မှာ ကားစီယာဒိုင်လှည့်တာ လှည့်လို့မရတော့လို့ အဲ့လိုဖြစ်သွားတာ။ ယာဉ်ပေါ်မှာ ကျား ၄ ယောက် နဲ့ မ ၁ ယောက်။ အဲ့ထဲကအမျိုးသမီးတစ်ယောက်က သေဆုံးတဲ့သူရဲ့ သမီး။ သူလည်း မျက်နှာပွန်း၊ လက်ပွန်းတဲ့ဒဏ်ရာရတယ်။ ယာဉ်မောင်းလည်း အောက်ပိုင်း ညှပ်တယ်။ ယာဉ်အကူလည်း ဒဏ်ရာရတယ်။ ပြီးတော့ သေဆုံးတဲ့အမျိုးသားရဲ့ ဆွေမျိုး အမျိုးသား ၂ ယောက်လည်း ပွန်းပဲ့ဒဏ်ရာရတယ်။ ဆေးရုံမှာ ခွဲဆိပ်ပြုလုပ်တဲ့သူတစ်ယောက်မှတော့မပါဘူး။ ပြည်သူတွေက သေသေချာချာ မသိပဲနဲ့ အသင်းကသူတွေကို အပြစ်တင်နေတာ။ အလောင်းက သေလို့အိမ်ပြန်သယ်လာတာ” လို့ အဆိုပါဖြစ်စဉ်နေရာသို့ သွားရောက်ကူညီသည့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
အဆိုပါဆေးရုံတွင် ရောဂါဖြင့်သေဆုံးသည့် အမျိုးသားမှာ အသက်(၆၀) ဝန်းကျင်ရှိပြီး၊ ရုပ်အလောင်းကို မတ်လ ၁၅ ရက်နေ့တွင် ဆေးရုံမှတစ်ဆင့် ၎င်းဇတိဖြစ်သည့် ဘိုကလေးမြို့၊ ပျားရည်ကျေးရွာသို့ ပို့ဆောင်လို က်ကြောင်း သိရသည်။
Photo – Credit
#PeopleMedia