• Follow Us on
Latest News

Home သောကြာနေ့မှာစီစဉ်ထားတဲ့ ဝန်ကြီးချုပ်မဲပေးရွေးချယ်ပွဲ ရွှေ့ဆိုင်း

သောကြာနေ့မှာစီစဉ်ထားတဲ့ ဝန်ကြီးချုပ်မဲပေးရွေးချယ်ပွဲ ရွှေ့ဆိုင်း

Share this post

နိုင်ငံတကာ၊ သြဂုတ် ၃

 

ထိုင်းနိုင်ငံမှာ သောကြာနေ့ (သြဂုတ်လ ၄ ရက်နေ့) မှာကျင်းပဖို့ စီစဉ်ထားတဲ့ ဝန်ကြီးချုပ်သစ်အတွက် လွှတ် တော်တွင်းမဲပေးရွေးချယ်ပွဲကို လွှတ်တော်ဥက္ကဋ္ဌက ရွှေ့ဆိုင်းလိုက်ကြောင်း Bangkok Post သတင်းဌာနမှာ ရေးသားဖော်ပြထားပါတယ်။

 

Move Forward ပါတီခေါင်းဆောင်ပီတာလင်းဂျားရင်းနတ်အတွက် ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်း ထပ်မံတင်သွင်းတာကိ ပယ်ချလိုက်တဲ့ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကို ဥပဒေအရဆုံးဖြတ်ဖို့အတွက် ရွှေ့ဆိုင်း လိုက်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ကြေညာလိုက်ပြီးနောက် အခုဆုံးဖြတ်ချက်ထွက်ပေါ်လာခဲ့ တာဖြစ်ပါတယ်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက မစ္စတာပီတာအမည်စာရင်းထပ်မံတင်သွင်းတာနဲ့ပတ်သက်ပြီး လွှတ်တော်က ပယ်ချခဲ့တာကို မဆုံးဖြတ်ရသေးတဲ့အတွက် သောကြာနေ့မှာကျင်းပဖို့စီစဉ်ထားတဲ့ ဝန်ကြီးချုပ်မဲပေးရွေးချယ်ပွဲ ကို ၎င်းအနေနဲ့ ရွှေ့ဆိုင်းခဲ့ရတာဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌဝန်မူဟမ်မက်နော်မာသာက သြဂုတ်လ ၃ ရက် နေ့ (ကြာသပတေးနေ့) က ပြောပါတယ်။

 

ပီတာကိစ္စနဲ့ပတ်သက်ပြီး စောဒကတက်ထားတာကို စနစ်တကျစေ့စေ့စပ်စပ် စစ်ဆေးဖို့လိုအပ်ကြောင်း ဖွဲ့စည်း ပုံအခြေခံဥပဒေတရားရုံးက ကြာငသပတေးနေ့ မနက်ပိုင်းက ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

 

လျှောက်လဲချက်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ဘုရင်စနစ်နဲ့ပတ်သက်နေတဲ့ပြဿနာတွေ မို့လို့ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက စဉ်းစားချင့်ချိန်ရာမှာ အထောက်အကူပြုဖို့အတွက် ဆက်စပ်သတင်းအ ချက်အလက်တွေကို သေသေချာချာလေ့လာဖို့ တရားရုံးဝန်ထမ်းတွေကို တရားရုံးက ညွှန်ကြားခဲ့ကြောင်းထုတ် ပြန်ချက်မှာ ဖော်ပြပါတယ်။

 

ဒီကိစ္စနဲ့ပတ်သက်ပြီး တရားရုံးက သြဂုတ်လ ၁၆ ရက်မှာ ဆုံးဖြတ်ချက်ချမယ်လို့ မျှော်လင့်ထားကြပါတယ်။ တိုင်တန်းလွှာလျှောက်ထားချက်တွေက မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲမှာ Move Forward ပါတီကို မဲပေးခဲ့ ကြတဲ့ တွဲဖက်ပါမောက္ခသက်ဖာညာနဲ့ လက်ထောက်ပါမောက္ခဘွန်းဆောင်းချာလေးသွန်တို့ရဲ့ တိုင်တန်းလွှာ တွေဖြစ်ပါတယ်။

 

နောက်ထပ် တိုင်တန်းလွှာတစ်စောင်ကတော့ Move Forward ပါတီက လွှတ်တော်အမတ် ပန်ယာရတ်ပူဆီ ထာနော့ရဲ့ တိုင်တန်းလွှာဖြစ်ပါတယ်။

 

မစ္စတာပီတာအမည်စာရင်းထပ်မံတင်သွင်းတဲ့ကိစ္စကို လွှတ်တော်ကပယ်ချမှုဟာ ၎င်းတို့ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပ ဒေပါအခွင့်အရေးတွေကို ထိခိုက်ကြောင်း တိုင်တန်းလွှာ စိစစ်/တင်ပြရေး အရာရှိကတစ်ဆင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတရားရုံးကို အဲဒီပုဂ္ဂိုလ်တွေက စောဒကတက်တိုင်ကြားထားတာဖြစ်ပါတယ်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက အခုကိစ္စနဲ့ပတ်သက်ပြီး အပြီးသတ်ဆုံးဖြတ်ချက် မချရသေးခင်အထိ ဝန်ကြီး ချုပ်သစ်ရွေးချယ်ပွဲကို ဆိုင်းငံ့ထားဖို့ အဲဒီပုဂ္ဂိုလ်တွေက ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

 

တိုင်တန်းလွှာ စိစစ်/တင်ပြရေး အရာရှိဟာ အဲဒီတိုင်တန်းလွှာတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကို ပြီးခဲ့တဲ့ လက တင်ပြခဲ့တာဖြစ်ပါတယ်။

 

ဇူလိုင်လ ၁၃ ရက်နေ့ကကျင်းပခဲ့တဲ့ ဝန်ကြီးချုပ်မဲပေးရွေးချယ်ပွဲမှာ မစ္စတာပီတာဟာ အထက်/အောက် လွှတ် တော်အမတ်တွေဆီက လုံလောက်တဲ့ထောက်ခံမဲကို မရခဲ့ပါဘူး။

 

ဇူလိုင်လ ၁၉ ရက်နေ့မှာ ထပ်မံကျင်းပတဲ့ ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ ပီတာရဲ့အမည်စာရင်းကို ထပ်မံတင်သွင်းခဲ့ ပေမဲ့ လွှတ်တော်က အဲဒီအမည်စာရင်းတင်သွင်းမှုကို ပယ်ချခဲ့ပါတယ်။ လွှတ်တော်အစည်းအဝေးတစ်ခုအတွင်း ရှုံးနိမ့်ခဲ့တဲ့အဆိုတစ်ခု ထပ်မံတင်သွင်းခြင်းကို လွှတ်တော်စည်းကမ်းအရ တားမြစ်ထားတယ်ဆိုတဲ့အချက်ကို ကိုးကားပြီး လွှတ်တော်က ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

 

မစ္စတာပီတာကို Move Forward ပါတီနဲ့ ဖီယူထိုင်းပါတီတို့ပါဝင်တဲ့ ရှစ်ပါတီညွန့်ပေါင်းအဖွဲ့က ဝန်ကြီးချုပ် လောင်းအဖြစ် အမည်စာရင်းတင်သွင်းခဲ့တာဖြစ်ပါတယ်။

 

ဒါပေမဲ့ ဖီယူထိုင်းပါတီဟာ ရှစ်ပါတီညွန့်ပေါင်းအဖွဲ့က နုတ်ထွက်ပြီး လာမယ့်ဝန်ကြီးချုပ်ရွေးချယ်ပွဲလွှတ်တော် အ စည်းအဝေးမှာ ၎င်းတို့ပါတီက ဆရက်သာသာဗီဆင်ကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းသွား မှာဖြစ်ကြောင်း သြဂုတ်လ ၂ ရက်နေ့ (ဗုဒ္ဓဟူးနေ့)က ကြေညာခဲ့ပါတယ်။

 

Ref: Vote for PM postponed: Bangkok Post

 

#PeopleMedia


Share this post