သောကြာနေ့မှာလည်း ဝန်ကြီးချုပ်ရွေးချယ်နိုင်ဦးမှာမဟုတ်သေးဘူးလို့ ရှပ်နီခေါင်းဆောင်ဟောင်း ဂျတူဖောင်း ပြော

PUBLISHED - July 31, 2023
နိုင်ငံတကာ၊ ဇူလိုင် ၃၁
ထိုင်းလွှတ်တော်က ဝန်ကြီးချုပ်လောင်းနောက်ထပ်တစ်ဦးအတွက် လွှတ်တော်အစည်းအဝေးနောက်တစ်ကြိမ် ထပ်မံကျင်းပဖို့ စီစဉ်ထားတဲ့အတွက် ထိုင်းနိုင်ငံဟာ လာမယ့်သောကြာနေ့ (သြဂုတ်လ ၄ ရက်နေ့) မှာ ဝန်ကြီး ချုပ်သစ်ရွေးချယ်နိုင်ဦးမှာမဟုတ်ဘူးလို့ ၎င်းအနေနဲ့ ယုံကြည်ထားကြောင်း ရှပ်နီအဖွ့ဲခေါင်းဆောင်ဟောင်း ဂျတူ ဖောင်းဖရုမ်ဖန်က ပြောကြားလိုက်ပါတယ်။
လက်ရှိအချိန်မှာ အစိုးရသစ်ဖွဲ့စည်းရေးအတွက်တာဝန်ယူထားတဲ့ ဖီယူထိုင်းပါတီဟာ ၎င်းတို့ပါတီက ဝန်ကြီးချုပ် လောင်းသုံးဦးထဲက ဆရက်သာသာဗီဆင်ကို အမည်စာရင်းတင်သွင်းလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။
ဒါပေမဲ့ ရွေးကောက်ပွဲမဲဆွယ်ကာလတုန်းက ထိုင်းဘုရင်စနစ်နဲ့ တော်ဝင်မိသားစုကို အကာအကွယ်ပေးထားတဲ့ ဥပဒေကို ပြင်ဆင်မယ်ဆိုတဲ့ Move Forward ပါတီရဲ့မူဝါဒကို ဆရက်သာက သဘောတူထောက်ခံခဲ့တယ်လို့ ဂျတူဖောင်းက ၎င်းရဲ့ Facebook ကနေ ထောက်ပြခဲ့ပါတယ်။
Move Forward ပါတီခေါင်းဆောင် ပီတာလင်းဂျားရင်းနတ်ကို ဝန်ကြီးချုပ်လောင်းအဖြစ်က ပယ်ချလိုက်ပြီး နောက် ထိုင်းဘုရင်စနစ်ကိုကာကွယ်ထားတဲ့ဥပဒေကို ပြင်ဆင်ဖို့ နှစ်ဦးစလုံးအမြင်တူနေတဲ့သူတွေဖြစ်တဲ့အ တွက် မစ္စတာဆရက်သာကိုလည်း အထက်လွှတ်တော်အမတ်တွေနဲ့ ရှစ်ပါတီညွန့်ပေါင်းအဖွဲ့ဝင်မဟုတ်တဲ့ တ ခြားပါတီက အမတ်တွေက ဘယ်လိုလုပ်ထောက်ခံမဲပေးမှာလဲလို့ ၎င်းက မေးခွန်းထုတ်ထားပါတယ်။
သောကြာနေ့ လွှတ်တော်အစည်းအဝေးမကျင်းပခင်မှာ ဆရက်သာရဲ့ဝန်ကြီးချုပ်လောင်းယှဉ်ပြိုင်မှုကို ဖျက်လို ဖျက်ဆီးလုပ်ဖို့ ဘုရင်စနစ်ပြုပြင်ရေးနဲ့ပတ်သက်တဲ့ ဆရက်သာရဲ့ ရွေးကောက်ပွဲမဲဆွယ်ကာလပြောကြားချက် တွေပါဝင်တဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့ မြေယာရောင်းဝယ်ရေးနဲ့ ပတ်သက်တဲ့ အငြင်းပွားဖွယ်ရာ နောက်ထပ်ဗီဒီယိုဖိုင် တစ်ခုကို လူမှုကွန်ရက်တွေပေါ်မှာ တင်လာလိမ့်မယ်လို့ ၎င်းက သတိပေးလိုက်ပါတယ်။
လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေးမရေရာမှုတွေအရ ဖီယူထိုင်းပါတီနဲ့ Move Forward ပါတီတို့အတွက် အကောင်း ဆုံးနည်းလမ်းက ခိုင်ခိုင်မြဲမြဲ လက်တွဲထားဖို့ဖြစ်ပြီး ညွန့်ပေါင်းကခွဲထွက်သွားပြီး တခြားပါတီတွေနဲ့ မပူးပေါင်းဖို့ ဖြစ်ကြောင်း ရှပ်နီအဖွဲ့ခေါ် အာဏာရှင်ဆန့်ကျင်ရေး စုစည်းညီညွတ်သောဒီမိုကရက်တစ်တပ်ဦး (United Front for Democracy against Dictatorship – UDD) ရဲ့ ခေါင်းဆောင်ဟောင်းဖြစ်သူ ဂျတူဖောင်းကပြောပါတယ်။
ရှပ်နီအဖွဲ့ခေါ် အာဏာရှင်ဆန့်ကျင်ရေး စုစည်းညီညွတ်သောဒီမိုကရက်တစ်တပ်ဦး (UDD) အဖွဲ့ဟာ လက်ရှိအ ချိန်မှာ မရှိတော့ဘူးလို့ သိရပါတယ်။
လက်ရှိအခြေအနေအရ တစ်ယောက်ကတာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ တခြားတစ်ယောက်က အမိန့်မရဘဲ သင်္ဘောပေါ်ကစွန့်ခွာသွားတာဟာ အလွန်ကြီးမားတဲ့ဆန္ဒပြပွဲကြီးတွေ ပေါ်ထွက်လာနိုင်ကြောင်း ဂျတူဖောင်းက သတိပေးပါတယ်။
တပြိုင်တည်းမှာပဲ ပီတာလင်းဂျားရင်းနတ်ကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းထပ်မံတင်သွင်းတာကို ပယ်ချဖို့အ တွက် လွှတ်တော်စည်းမျဉ်းအမှတ် ၄၁ ကို အခြေခံပြီး မဲအများစုနဲ့ လွှတ်တော်က ဆုံးဖြတ်ချက်ချခဲ့တာကို စိန် ခေါ်ပြီး ပြန်လည်စဉ်းစားပေးဖို့ သက်ဆိုင်ရာအရာရှိကတစ်ဆင့် တင်သွင်းလာတဲ့ မေတ္တာရပ်ခံစာကို လက်ခံမ လားဆိုတာ စဉ်းစားဆုံးဖြတ်ဖို့အတွက် အခုလာမယ့် ကြာသပတေးနေ့ (သြဂုတ်လ ၃ ရက်နေ့) မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးမှာ အစည်းအဝေးကျင်းပဖို့ စီစဉ်ထားပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးအနေနဲ့ ပီတာကိစ္စကို အပြီးသတ်ဆုံးဖြတ်ချက်မချခင်မှာ ဆက်သွယ်ရေးအရာရှိ က တစ်ဆင့်တင်သွင်းလာတဲ့ မေတ္တာရပ်ခံစာကို ပယ်ချခြင်း၊ လက်ခံခြင်း၊ အမှုကို စဉ်းစားရန်လက်ခံခြင်း၊ ဝန် ကြီးချုပ်ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ရပ်လုံးကို ဆိုင်းငံ့ထားခြင်း စတဲ့ဆုံးဖြတ်ချက်တွေကို ဆောင်ရွက်နိုင်ပါ တယ်။
Ref: Jatuporn predicts that a prime minister will not be selected this Friday
#PeopleMedia