• Follow Us on

Home သဲကုန်းမြို့တွင် နေအိမ်အတွင်းရှိနေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

သဲကုန်းမြို့တွင် နေအိမ်အတွင်းရှိနေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၉

 

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့၊ ဒါးသွေးကျောက်ကျေးရွာရှိ အုပ်ချုပ်ရေးမှူး နေအိမ် အတွင်းရှိနေစဉ် PDF များမှ လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၁၇ ရက် နံနက် ၈ နာရီဝန်းကျင်တွင် PDF များမှ ဒါးသွေးကျောက်ကျွေးရွာသို့ ရောက်ရှိပြီး ထိုကျေးရွာရှိ အုပ်ချုပ်ရေးမှူး၏ နေအိမ်သို့ရောက်ရှိလာပြီး ထိုနေအိမ်အတွင်းရှိနေသည့် အုပ်ချုပ်ရေးမှူးကို သေနတ်ဖြင့်ပစ်ခတ်လိုက်ကြောင်း သိရသည်။

 

PDF များပစ်ခတ်မူကြောင့် သေဆုံးသည့် အုပ်ချုပ်ရေးမှူး အသက် (၆၈) နှစ်အရွယ် ဦးကျော်ဝင်းမှာ ကျည်ထိဒဏ်ရာများရရှိ၍ သေဆုံးသွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post