• Follow Us on

Home သဲကုန်းမြို့တွင် အမျိုးသားတစ်ဦး နေအိမ်အတွင်း သေနတ်ပစ်ခံရ၍ သေဆုံး

သဲကုန်းမြို့တွင် အမျိုးသားတစ်ဦး နေအိမ်အတွင်း သေနတ်ပစ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၅

 

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့၊ ဒါးသွေးကျောက်ကျေးရွာအနောက်ဘက် ဆပ်ပြာတဲတိုက် (ဒေသအခေါ်) တွင် နေထိုင်သည့် အမျိုးသားတစ်ဦး နေအိမ်ထဲတွင် သေနတ်ပစ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

 

ဇန်နဝါရီလ ၃ ရက် ည ၁၀ နာရီတွင် PDF များမှ ဒါးသွေးကျောက်ကျေးရွာအနောက်ဘက် ဆပ်ပြာတဲတိုက် (ဒေသအခေါ်) ဦးမောင်မောင်လွင်၏ နေအိမ်သို့ ရောက်ရှိလာပြီး ထိုအမျိုးသားမှာ ၎င်း၏ဇနီးဖြစ်သူနှင့်အတူ ရှိစဉ်အတွင်း ဦးမောင်မောင်လွင်မှာ နေအိမ်အပေါ်ထပ်သို့ တပ်ပြေးပြီး ထိုနေအိမ်အပေါ်ထပ်တွင် PDF များမှ သေနတ်ဖြင့်ပစ်သတ်လိုက်ကြောင်း သိရသည်။

 

သေနတ်ပစ်ခံရမူကြောင့် သေဆုံးသွားသည့် ဦးမောင်မောင်လွင်မှာ အသက် (၄၅) နှစ်ရှိပြီး ကျည်ထိဒဏ်ရာ (၂) ချက်ရရှိ၍ အခင်းနေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post