• Follow Us on
Latest News

Home သဲကုန်းမြို့မဈေးတွင် ဈေးဝယ်နေသည့် ပြည်ခိုင်ဖြိုးပါတီ တိုင်းကော်မတီဝင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ ၍ သေဆုံး

သဲကုန်းမြို့မဈေးတွင် ဈေးဝယ်နေသည့် ပြည်ခိုင်ဖြိုးပါတီ တိုင်းကော်မတီဝင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ ၍ သေဆုံး

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၃

 

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့၊ (၁) ရပ်ကွက် သဲကုန်းမြို့မဈေးတွင် ဈေးဝယ်နေသည့် ပြည်ခိုင်ဖြိုးပါတီ တိုင်းကော်မတီဝင် အမျိုးသားတစ်ဦးကို ပေါင်းတည်မြို့ PPDF အဖွဲ့မှ သေနတ်ဖြင့် ပစ် ခတ်သွားကြောင်း ၎င်းတို့အဖွဲ့မှ ထုတ်ပြန်ထားသည်။

 

အောက်တိုဘာလ ၁၂ ရက် နံနက် ၆:၄၅ အချိန်တွင် သဲကုန်းမြို့၊ ရပ်ကွက်(၁)၊ ပြင်ဦးလွင်လမ်းတွင် နေထိုင် သည့် ပြည်ခိုင်ဖြိုးပါတီ တိုင်းကော်မတီဝင် အမျိုးသားတစ်ဦးမှာ မြို့မဈေးအတွင်းတွင် ဈေးဝယ်နေစဉ် PPDF များမှ ၎င်းကိုသေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

 

သေနတ်ပစ်ခတ်ခံရသည့် အသက်(၆၀) နှစ်အရွယ် ဦးစိုးအောင်မှာ (၂၀၀၀ ခုနှစ်မှ ၂၀၀၅ ထိ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်ပြီး) လက်ရှိအချိန်တွင် ပြည်ခိုင်ဖြိုးပါတီ တိုင်းကော်မတီဝင်တစ်ဦးဖြစ် ကြောင်း သိရသည်။

 

ပေါင်းတည်မြို့ PPDF များ၏ ပစ်ခတ်မှုကြောင့် ဦးစိုးအောင်၏ ဦးခေါင်းနောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့် ဦးခေါင်းဘယ်ဘက်နားအထက်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိမှုကြောင့် ၎င်းကို စစ်ဆေး ရုံသို့ ပို့ဆောင်ပြီး ဆေးကုသနေစဉ် ဒဏ်ရာများပြင်းထန်သောကြောင့် သေဆုံးသွားကြောင်း သိရသည်။

 

ယင်းဖြစ်စဉ်နှင့်အတူ ပြီးခဲ့သည့်လပိုင်းကလည်း ပခုက္ကူမြို့ရှိ ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်တစ်ဦး သတ် ဖြတ်ခံရသည့်ဖြစ်စဉ်များရှိခဲ့သလို နွားထိုးကြီးမြို့တွင်လည်း ပြည်ခိုင်ဖြိုးပါတီဝင် (၄) ဦးသတ်ဖြတ်ခံရသည့် ဖြစ်စဉ်များလည်းရှိခဲ့သည်။

 

Photo – Credit

 

#PeopleMedia


Share this post