• Follow Us on
Latest News

Home သဲတောမြို့တွင် လက်ဖက်ရည်သောက်နေသည့် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

သဲတောမြို့တွင် လက်ဖက်ရည်သောက်နေသည့် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ သဲတောမြို့၊ “တော်ဝင်” လက်ဖက်ရည်ဆိုင်အတွင်း လက်ဖက်ရည်သောက်နေသည့် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၁၇ ရက် နံနက် ၉ နာရီကျော်တွင် ဝမ်းတွင်း-သဲတောလမ်းမဘေးရှိ “တော်ဝင်” လက်ဖက်ရည် ဆိုင်သို့ PDF များရောက်ရှိလာပြီး ထိုလက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်နေသည့် အမျိုးသားတစ်ဦး ကို သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

 

ထိုသေနတ်ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသည့် အမျိုးသားမှာ သဲတောမြို့၊ အမှတ် (၁) ရပ်ကွက်တွင် နေထိုင်သည့် အသက် (၂၆) နှစ်အရွယ် ကိုနန္ဒကျော်ဖြစ်ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post