• Follow Us on

Home သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာဆရာတော်ကြီးဦးစီးပဓာနပြု၍ ရှင်သာမဏေအပါး (၅၀၀၀) ရှင်ပြုခြင်းနှင့် အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာဆရာတော်ကြီးဦးစီးပဓာနပြု၍ ရှင်သာမဏေအပါး (၅၀၀၀) ရှင်ပြုခြင်းနှင့် အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

Share this post

နေပြည်တော်၊ ဧပြီ ၈

 

သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တ ပညာဇောတ ဦးစီး ပဓာနပြု၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တပြည့်သာဝက အပေါင်းတို့စုပေါင်း၍ ကျင်းပပြုလုပ်သော ရှင်သာမဏေ အပါး (၅၀၀၀) ရှင်ပြုခြင်းနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း အလှူတော်မင်္ဂလာ အခမ်းအနားကို ဧပြီလ ၆ ရက်နှင့် ဧပြီလ ၇ရက်နေ့တို့တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ ဗိသာနိုးပျူမြို့တော် ဟောင်းအတွင်းရှိ ရွှေရောင်တော်ဘုရားအနီး ဗဟိုမဏ္ဍပ်၌ ကျင်းပ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အဖွဲ့ဝင်၊ စလင်းမြို့၊ လက်ပံပင်စာသင်တိုက်၊ ပဓာန နာယကဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ ပဏ္ဍိတ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ ရှင်သာမဏေလောင်းများနှင့် မိသားစုဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဆရာတော်ကြီး၏ အစီအစဉ်ဖြင့် ရှင်သာမဏေ လောင်း ၅၆၀၂ ဦးအား သပိတ်၊ သင်္ကန်းနှင့် တူညီ ဝတ်စုံများ ထောက်ပံ့ပေးခဲ့သည်။

 

ထို့နောက် ရှင်သာမဏေလောင်းများက ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တ ပညာဇောတထံမှ သင်္ကန်းတောင်း၍ ဆယ်ပါးသီလခံယူ ဆောက်တည်ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ဆရာ တော်ကြီး ဒေါက်တာ ဘဒ္ဒန္တ ပညာဇောတ အမှူးပြုသော သံဃာတော်များနှင့် ရှင်သာမဏေများကို ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 

#PeopleMedia


Share this post