သံဃသပိတ်စစ်ကြောင်းတွင်ပါဝင်သည့် ရဟန်းအချို့ ဖမ်းဆီးခံရ

PUBLISHED - September 29, 2021
နေပြည်တော်၊ စက်တင်ဘာ ၂၉ (People Media)
မန္တလေးမြို့၊ သံဃသပိတ်စစ်ကြောင်းတွင်ပါဝင်သည့် ရဟန်းအချို့ ဖမ်းဆီးခံရကြောင်း မန္တလေးသံဃသမဂ္ဂ ထံမှ သိရပါတယ်။
ဖမ်းဆီးခံရသည့်ရဟန်းများသည် ကင်းဝန်မင်းကြီးကျောင်းတိုက်ရှိ ဦးပညာသီဟ၊ မဟာဝိဇိတာရာမတိုက်၊ တေဇာလင်္ကာရကျောင်းတို့ကို သက်ဆိုင်ရာက ဝင်ရောက်ရှာဖွေပြီး ရဟန်းနှစ်ပါးနှင့် လူနှစ်ယောက်တို့ ဖမ်း ဆီးခံထားရကြောင်း သိရပါတယ်။
ထိုကဲ့သို့ ရဟန်းများ ဖမ်းဆီးခံခဲ့ရသော်လည်း သံဃသမဂ္ဂအနေဖြင့် နောက်ဆုတ်ရပ်တန့်သွားမည်မဟုတ် ကြောင်း မန္တလေးသံဃသမဂ္ဂမှ စက်တင်ဘာလ ၂၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဆက်လက်ပြီး ပြည်ကြီးတံခွန်မြို့နယ်၊ စိတ္တသုခပတ္တမြားကျောင်းတိုက်သို့လည်း လုံခြုံရေးအဖွဲ့များမှ ဝင်ရောက် ရှာဖွေလျက်ရှိကြောင်းနှင့် ဘာသာရေးဆိုင်ရာ ကျောင်းတိုက်များအတွင်းသို့ ကျောင်းတိုက်နာယကဆရာ တော်များ၏ ခွင့်ပြုချက်မယူဘဲ ဝင်ရောက်ခြင်း၊ သံဃာပိုင်အများပြည်သူလှူဒါန်းထားသောပစ္စည်းများကို ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြတယ်လို့ မန္တလေးသံဃသမဂ္ဂမှ ထုတ်ပြန်ထားပါတယ်။
Photo – credit
#PeopleMedia #မန္တလေး #သံဃသမဂ္ဂ
(unicode)
……………………………………………………………………
Photo – credit
#PeopleMedia #မန်တလေး #သံဃသမဂ်ဂ