သံဃာတော်များနှင့် ပြည်သူများ လုပ်ကြံခံရမှု အလိုမရှိကြောင်း သံဃာတော်နှင့် လူပုဂ္ဂိုလ်များ ရန်ကုန်မြို့၌ ဆန္ဒထုတ်ဖော်

PUBLISHED - November 22, 2021
ရန်ကုန်၊ နိုဝင်ဘာ ၂၂ (People Media)
သံဃာတော်များနှင့် ပြည်သူများ လုပ်ကြံခံရမှု အလိုမရှိကြောင်း သံဃာတော်နှင့် လူပုဂ္ဂိုလ်များသည် မနေ့က ရန်ကုန်မြို့၌ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ထိုကဲ့သို့ ဆန္ဒထုတ်ဖော်ရာ၌ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များက သံဃာကိုသတ် PDF အလိုမရှိ၊ ပြည်သူကို သတ် PDF အလိုမရှိ၊ လူသတ်အားပေး နိုင်ငံရေးအလိုမရှိ စသည်တို့ကို ကြွေးကြော်ခဲ့ကြပါတယ်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်မှ NLD ပါတီ ရုံးချုပ်အထိ လမ်းလျောက်ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း သိရပါတယ်။
လက်ရှိအချိန်၌ မြန်မာနိုင်ငံရှိ သံဃာတော် ၁၃ ပါး လုပ်ကြံခြင်းခံထားရတယ်လို့ န-စ-က ၏ သတင်းထုတ်ပြန် ချက်အရ သိရပါတယ်။
#PeopleMedia #သံဃာတော်များနှင့်ပြည်သူများလုပ်ကြံခံရမှု
(unicode)
……………………………………………………
အဆိုပါ ဆန်ဒထုတျဖောျမှုကို ရှှတေိဂုံစတေီတောျ အရှေ့ဘကျမုချမှ NLD ပါတီ ရုံးခြုပျအထိ လမျးလြောကျဆန်ဒ ထုတျဖောျခဲ့ကွောငျး သိရပါတယျ။