• Follow Us on
Latest News

Home သံဖြူဇရပ်နှင့် မုဒုံရှိ ကားလမ်းများပေါ်သို့ ရေကျော်မှုများဖြစ်ပွား

သံဖြူဇရပ်နှင့် မုဒုံရှိ ကားလမ်းများပေါ်သို့ ရေကျော်မှုများဖြစ်ပွား

Share this post

နေပြည်တော်၊ ဇူလိုင် ၃၁

 

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ မုဒုံမြို့နယ်တို့တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကားလမ်းများပေါ်သို့ ရေကျော်မှုများ ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

 

ဇူလိုင်လ ၃၀ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်က မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာ၊ မော်လမြိုင်-သံဖြူဇရပ်ကားလမ်း၊ မိုင်တိုင်အမှတ်(၃၅/၁)နှင့် (၃၅/၂) ကြားတွင် ကားလမ်းပေါ်သို့ ရေအမြင့် (၂)ပေခန့် ရေကျော်လျက်ရှိကြောင်း သတင်းရရှိသဖြင့် မုဒုံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

 

အလားတူ ဇူလိုင်လ ၃၀ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်က  သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာအုပ်စု၊ စမ်းကြီး ကျေးရွာအနီး၊ သံဖြူဇရပ်-စက်စဲကားလမ်းပေါ်တွင် ရေကျော်လျက်ရှိကြောင်း သတင်းရရှိသဖြင့် သံဖြူဇရပ်မြို့ နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်း များဖြင့် ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်းသည်။

 

#PeopleMedia


Share this post