• Follow Us on

Home သံဖြူဇရပ်မြို့နယ်တွင် ၆ ဘီးယာဉ်များဖြင့် တင်ဆောင်လာသည့် တရားမဝင်ဘင်္ဂလီလူမျိုး ၁၄၀ ကျော်ကို ဖမ်း ဆီးရမိ

သံဖြူဇရပ်မြို့နယ်တွင် ၆ ဘီးယာဉ်များဖြင့် တင်ဆောင်လာသည့် တရားမဝင်ဘင်္ဂလီလူမျိုး ၁၄၀ ကျော်ကို ဖမ်း ဆီးရမိ

Share this post

နေပြည်တော်၊ သြဂုတ် ၁၂

 

မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမီကျေးရွာတွင် ဩဂုတ်လ ၁၁ ရက်နေ့ နံနက်အစောပိုင်းအချိန်က ၆ ဘီး မော်တော်ယာဉ်များဖြင့် တင်ဆောင်လာသည့် တရားမဝင် ဘင်္ဂလီ ၁၄၅ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။

 

သံဖြူဇရပ်မြို့နယ်၊ ဝဲခမီကျေးရွာတွင် လုံခြုံရေးဆောင်ရွက်သော နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့သည် ရေးမြို့ နယ်ဘက်မှ မောင်းနှင်လာသည့် ၆ ဘီး မော်တော်ယာဉ်များအား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးခဲ့ရာ တရား မဝင် ဘင်္ဂလီလူမျိုးများကို တွေ့ရှိကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့နောက် ဖမ်းဆီးရမိသူများအား သံဖြူဇရပ်မြို့၊ စက်သစ်ရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမတွင် ယာယီနေရာ ချထားပြီး စစ်ဆေးမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါ ဘင်္ဂလီများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည် စခန်းမှ စက်လှေဖြင့် ထွက်လာသူများဖြစ်ကြောင်း သိရသည်။

 

ဖမ်းဆီးရမိသည့် ဘင်္ဂလီလူမျိုးမှာ အမျိုးသား ၁၂၇ ဦး၊ အမျိုးသမီး ၁၈ ဦး စုစုပေါင်း ၁၄၅ ဦးဖြစ်ပြီး၊ ၎င်းတို့ကို ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post