• Follow Us on

Home သံဖြူဇရပ်- ဘုရားသုံးဆူလမ်းပေါ်ရှိ အနန်းကွင်းကျေးရွာ အနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်နေ၊ ဒေသခံ ထောင်ချီ စစ်ဘေးရှောင်နေရ

သံဖြူဇရပ်- ဘုရားသုံးဆူလမ်းပေါ်ရှိ အနန်းကွင်းကျေးရွာ အနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်နေ၊ ဒေသခံ ထောင်ချီ စစ်ဘေးရှောင်နေရ

Share this post

နေပြည်တော်၊ ဩဂုတ် ၂၆

 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်ရှိ အနန်းကွင်းကျေးရွာ အနီးတစ်ဝိုက်တွင် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

 

ဩဂုတ်လ (၁၅)ရက်မှ စတင်ကာ သံဖြူဇရပ်- ဘုရားသုံးဆူလမ်းပေါ်ရှိ အနန်းကွင်း ဗျူဟာစခန်းကို စစ်သွေးကြွ KNLA/PDF အဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲစတင်ဖြစ်ပွါးခဲ့သည်။

 

အဆိုပါ တိုက်ပွဲတွင် မြန်မာ့တပ်မတော်မှ လက်နက်ကြီးများ၊ လေယာဉ်ပစ်ကူများဖြင့် စစ်သွေးကြွ KNLA/PDF အဖွဲ့ဝင်များကို တိုက်ခိုက်ရှင်းလင်းလျက်ရှိကြောင်း သိရသည်။

 

ယင်းသို့ တိုက်ပွဲများ နှစ်ပတ်ကျော်ကြာ ဖြစ်ပွါးနေသဖြင့်  အနန်းကွင်းနှင့် အနီးတစ်ဝိုက်ရှိ လွတ်ရှမ်း၊ ဝင်းကန၊ ကျုံခဝန်၊ တညင်၊ ကျောက်ဘီလူး၊ သံပုရာ စသည့် ကျေးရွာမှ ဒေသခံထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

 

#PeopleMedia


Share this post