• Follow Us on

Home သံလွင်တံတား ဘားအံ စစ်ဆေးရေးဂိတ်ကို KNU/PDF က အသေခံဗုံးခွဲရာ ရဲတပ်ဖွဲ့ဝင် (၇) ဦးနှင့် အရပ်သား (၃) ဦး ဒဏ်ရာရရှိခဲ့ပြီး အရပ်သား (၁) ဦး သေဆုံး

သံလွင်တံတား ဘားအံ စစ်ဆေးရေးဂိတ်ကို KNU/PDF က အသေခံဗုံးခွဲရာ ရဲတပ်ဖွဲ့ဝင် (၇) ဦးနှင့် အရပ်သား (၃) ဦး ဒဏ်ရာရရှိခဲ့ပြီး အရပ်သား (၁) ဦး သေဆုံး

Share this post

နေပြည်တော်၊ ဇူလိုင် ၃၁

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်တံတား၊ စစ်ဆေးရေးဂိတ်အနီးတွင် KNU/PDF က အသေခံဗုံးခွဲရာ ရဲတပ်ဖွဲ့ဝင် (၇) ဦးနှင့် အရပ်သား (၃) ဦးတို့ ဒဏ်ရာရရှိခဲ့ကာ အရပ်သား (၁) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ယနေ့ ဇူလိုင်လ (၃၁)ရက် နံနက် (၆) နာရီ (၄၀) မိနစ်အချိန်က သံလွင်တံတား (တရုတ်လှ) ဘက်ခြမ်းတွင် စစ်ဆေးရေးဂိတ်အနီးသို့ ဟွန်ဖစ်(အဖြူရောင်)တစ်စီး မောင်းနှင်လာသဖြင့် ယာဉ်ထိန်းရဲ တပ်ကြပ်ကြီး မျိုးမျိုးမှ ရပ်တန့်စစ်ဆေးရန် ယာဉ်၏ ရှေ့ယာဘက်ခြမ်း တံခါးအား ဖွင့်ခဲ့ရာ ကားအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပေါက်ကွဲမှုကြောင့် ရဲတပ်ကြပ်ကြီး မင်းထွန်းဇော် ယာခေါင်းထိ(စိုးရိမ်ရ)၊ ဒုတပ်ကြပ် မောင်မောင်ကျော် ခေါင်းကို ထုပ်တန်းပြုတ်ကျထိ၊ ရဲတပ်သား အေးခန့်ပိုင် ဘယ်လက်ဖျံထိ၊ ရဲတပ်ကြပ်ကြီး မျိုးမျိုး ယာမျက်ခုံးထိ၊ ရဲတပ်သား ဖြိုးသီဟ ဘယ်မျက်လုံးထိ၊ တပ်ကြပ် ကျော်ဇံဦး ခေါင်းဘယ်ဘက်နှင့် ယာရင်ဘတ်ထိ၊ တပ်သား ဟိန်းထက်ဦး ယာပခုံးနှင့် ပေါင် စသည့် ဒဏ်ရာများရရှိခဲ့ပြီး အရပ်သား ကျား(၁)ဦး သေဆုံးသွားကာ အရပ်သား ကျား (၂) ဦးနှင့် မ (၁) ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဒဏ်ရာရရှိခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သားများအား လူနာတင်ယာဉ်များဖြင့် ဖားအံမြို့ရှိ ခုတင် (၁၀၀)ဆန့် အမှတ် (၂) တပ်မတော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post