• Follow Us on

Home သံဖြူဇရပ်မြို့နယ် ကျိုက်နဲရေလည်ဘုရားသို့ လာရောက်ဖူးမျှော်သည့် ဘုရားဖူးဧည့်သည်များ မတော်တဆ မှုဖြစ်စဉ်၌ သေဆုံးခဲ့မှုအပေါ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအေးမင်းဟန်က စက်လှေ မှောက်ပြီး လူအများအပြား နိဗ္ဗာန်ရောက်ဟု ၎င်း၏ လူမှုကွန်ယက်၌ မှတ်ချက်ပြုရေးသားခဲ့

သံဖြူဇရပ်မြို့နယ် ကျိုက်နဲရေလည်ဘုရားသို့ လာရောက်ဖူးမျှော်သည့် ဘုရားဖူးဧည့်သည်များ မတော်တဆ မှုဖြစ်စဉ်၌ သေဆုံးခဲ့မှုအပေါ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအေးမင်းဟန်က စက်လှေ မှောက်ပြီး လူအများအပြား နိဗ္ဗာန်ရောက်ဟု ၎င်း၏ လူမှုကွန်ယက်၌ မှတ်ချက်ပြုရေးသားခဲ့

Share this post

မော်လမြိုင်၊ နိုဝင်ဘာ ၂၂ (People Media)

 

နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းက မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျိုက်နဲရေလည်ဘုရားဖူးသို့ လာရောက်ဖူး မျှော်သည့် ဘုရားဖူးဧည့်သည်များသည် မတော်တဆမှုဖြစ်ပွားပြီး သေဆုံးခဲ့သည့်ဖြစ်စဉ်၌ အမျိုးသားလွှတ် တော်ကိုယ်စားလှယ်ဟောင်း ဦးအေးမင်းဟန်က စက်လှေမှောက်ပြီး လူအများအပြား နိဗ္ဗာန်ရောက်ဟု ၎င်း၏ လူမှုကွန်ယက်၌ မှတ်ချက်ပြုရေးသားခဲ့သည်။

 

မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအေးမင်းဟန်က “သံဖြူဇရပ်မြို့နယ်ရှိ ကျိုက်နဲ ရေလည်ဘုရားသို့ ဘုရားဖူးသွားသည့် စက်လှေတိမ်းမှောက်ပြီး လူအများအပြား နိဗ္ဗာန်ရောက်။ မှတ်ချက် ဘုရားဖူးတာ တစ်ကယ်ထိရောက်တာပဲ။ ဘုရားရှင်က ချက်ချင်း နိဗ္ဗာန်ကို ခေါ်သွားပေးတယ်” လို့ စသည်ဖြင့် ရေးသားခဲ့ပါတယ်။

 

သံဖြူဇရပ်မြို့နယ် ကျိုက်နဲရေလည်ဘုရားဖူးသို့ လာရောက်ဖူးမျှော်သည့် ဘုရားဖူးဧည့်သည်များ မတော်တ ဆမှုဖြစ်စဉ်၌ ဆရာတော်တစ်ပါး၊ ကလေးငယ်တစ်ဦးအပါအဝင် စုစုပေါင်း ၁၉ လောင်းကို လူမှုကူညီရေး အဖွဲ့များ၊ လုံခြုံရေးအဖွဲ့များက ပူးပေါင်းရှာဖွယ်လျက်ရှိနေပါတယ်။

 

အလားတူ အဆိုပါဖြစ်စဉ်၌ သေဆုံးသူများ၊ ပျောက်ဆုံးသူများကို လက်ရှိအချိန်ထိ လူမှုကူညီရေးအဖွဲ့များ၊ လုံခြုံရေးအဖွဲ့များက ဆက်လက်ရှာဖွေခြင်းများ လုပ်ဆောင်လျက်ရှိနေပါတယ်။

 

#PeopleMedia #ဦးအေးမင်းဟန် #အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးအေးမင်းဟန်

 

(unicode)


……………………………………………………………

 


 


 


 


 


 



Share this post