• Follow Us on

Home သံနှင့် သံမဏိပြည်ပမှ နှစ်စဉ်တန်ချိန်နှစ်သန်းခန့်ကိုတင်သွင်းနေရ၍ နိုင်ငံခြားငွေတစ်ဘီလီယံကျော်ခန့်သုံးစွဲ နေရဟု စက်မှုဝန်ကြီးပြောကြား

သံနှင့် သံမဏိပြည်ပမှ နှစ်စဉ်တန်ချိန်နှစ်သန်းခန့်ကိုတင်သွင်းနေရ၍ နိုင်ငံခြားငွေတစ်ဘီလီယံကျော်ခန့်သုံးစွဲ နေရဟု စက်မှုဝန်ကြီးပြောကြား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃

 

သံနှင့် သံမဏိပြည်ပမှ နှစ်စဉ်တန်ချိန် နှစ်သန်းခန့်ကို တင်သွင်းနေရ၍ နိုင်ငံခြားငွေတစ်ဘီလီယံကျော်ခန့် သုံးစွဲနေရကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောသည်။

 

မြန်မာနိုင်ငံရှိ သံသတ္တုရိုင်းထွက်ရှိရာဒေသများနှင့် အသုံးပြုနိုင်မည့် သံနှင့် သံမဏိထုတ်လုပ်သည့်နည်းစဉ်များ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရှိ သံသတ္တုရိုင်းထွက်ရှိရာဒေသများနှင့် အသုံးပြုနိုင်သည့် သံနှင့် သံမဏိ ထုတ်လုပ်သည့် နည်းစဉ်များနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ရန် ယခုအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ သံနှင့် သံမဏိထုတ်လုပ်မှုလုပ်ငန်းတွင် နိုင်ငံပိုင်အနေဖြင့် ကာကွယ် ရေးဝန်ကြီးဌာနတွင် စက်ရုံတစ်ရုံ၊ စက်မှုဝန်ကြီးဌာနတွင် စက်ရုံနှစ်ရုံ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတွင် စက်ရုံသုံးရုံနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ပုဂ္ဂလိက သံရည်ကျို လုပ်ငန်းပေါင်း ၃၆၂ ခုဖြင့် မြန်မာနိုင်ငံ၏ သံနှင့်သံမဏိထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ သံနှင့် သံမဏိ လိုအပ်ချက်သည် နှစ်စဉ်တန်ချိန် ၂ ဒသမ ၅ သန်းမှ သုံးသန်း ခန့်ရှိပြီး ပြည်တွင်းထုတ်လုပ်မှုသည် တစ်နှစ်လျှင်ပျမ်းမျှတန်ချိန် တစ်သန်းခန့်သာ ထုတ်လုပ်နိုင်သည့်အတွက် လိုအပ်သောတန်ချိန် နှစ်သန်းခန့်ကို နှစ်စဉ်ပြည်ပမှတင်သွင်းနေရ၍ နိုင်ငံခြားငွေတစ်ဘီလီယံကျော်ခန့် သုံးစွဲ နေရကြောင်း၊ နိုင်ငံအတွင်း၌ သံပါဝင်မှုမြင့်မားသည့် သတ္တုသိုက်များ များစွာရှိ၍ သံနှင့်သံမဏိများကို ပြည် တွင်းဖူလုံအောင်ထုတ်လုပ်နိုင်ရေး ကြိုးစားရမည်ဖြစ်ကြောင်း၊ သို့မှသာ သံနှင့်သံမဏိထုတ်လုပ်သည့် နည်း ပညာများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ပြောသည်။

 

မြန်မာနိုင်ငံအနေဖြင့် သံနှင့်သံမဏိထုတ်လုပ်သည့် လုပ်ငန်းများသည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်များ စွာ နောက်ကျလျက်ရှိကြောင်း၊ သံ၊ သံမဏိနှင့်ပတ်သက်သည့် မူဝါဒများရေးဆွဲပြဋ္ဌာန်းမှသာ ပြည်တွင်း၌ ထုတ်လုပ်သည့် သံနှင့် သံမဏိများ၊ ပြည်ပမှတင်သွင်းလာသည့် သံနှင့် သံမဏိများအား အရည်အသွေး စစ်ဆေးကြီးကြပ်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိသံထွက်ရှိရာဒေသများ၊ သံသတ္တုရိုင်းအတွင်း သံပါဝင်မှု အပေါ်မူတည်၍ အသုံးပြုနိုင်သည့်နည်းစဉ်များ၊ လိုအပ်သည့်ဆက်စပ် စက်မှုကုန်ကြမ်းတွင်းထွက်များ ရရှိနိုင်မှုနှင့် စွမ်းအင်နှင့် လောင်စာပံ့ပိုးပေးနိုင်မှု အပေါ်မူတည်၍ ကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံဆွေး နွေးကာအကောင်းဆုံးနည်းလမ်းများကို ရွေးချယ်အသုံးပြုနိုင်မည့် Plan များ ရေးဆွဲသွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

 

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန် ကြားရေးမှူးများ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post