သြစတေးလျက ယူကရိန်းအတွက် စစ်ရေးအကူအညီတွေ ထပ်မံထောက်ပံ့မည်
PUBLISHED - February 23, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၃
ရုရှားကျူးကျော်စစ်ဒုတိယနှစ်ပတ်လည်ကာလမတိုင်ခင် ယူကရိန်းနို်င်ငံကို စစ်ရေးအကူအညီ ထပ်မံထောက်ပံ့ဖို့ အတွက် သြစတေးလျအစိုးရက ကတိပြုလိုက်ပါတယ်။
ယူကရိန်းရဲ့စစ်ရေးစွမ်းရည်ကို ဆက်လက်ထိန်းသိမ်းထား နိုင်ရေးအတွက် ဗြိတိန်နိုင်ငံကဦးဆောင်ဖွဲ့စည်း ထား တဲ့ “ယူကရိန်းကူညီရေး အပြည်ပြည်ဆိုင်ရာရန်ပုံငွေအဖွဲ့” ထံကို သြစတေးလျဒေါ်လာ သန်း ၅၀ (ဒေါ်လာ ၃၃ သန်း) ပေးပို့သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ဆုံးအသုတ်အပါအဝင် သြစတေးလျအစိုးရက ယူကရိန်းအတွက် ပေးပို့ကူညီခဲ့တာ သြစတေးလျဒေါ်လာ သန်း ၉၆၀ (ဒေါ်လာ ၆၃၂.၂ သန်း) ရှိသွားပြီဖြစ်ပြီး အဲဒီအထဲက သြစတေးလျဒေါ်လာ သန်း ၇၈၀ (ဒေါ်လာ ၅၁၃.၇ သန်း) ကို ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေအတွက် အသုံးပြုခဲ့တယ်လု့ိ ဆိုပါတယ်။
“ရုရှားနိုင်ငံရဲ့ တရားမဝင်ကျူးကျော်မှု နှစ်နှစ်နီးပါး ရှိလာတဲ့အချိန်မှာ ဒီစစ်ပွဲ အဆုံးသတ်နိုင်ဖို့အတွက် ယူက ရိန်းနိုင်ငံကို ဝိုင်းဝန်းထောက်ပံ့ရာမှာ သြစတေးလျအစိုးရဟာ ယူကရိန်းနိုင်ငံ/ နိုင်ငံတကာမိတ်ဖက်နိုင်ငံတွေနဲ့ အတူ ဆက်လက်ရပ်တည်လျက်ရှိပါတယ်။” လို့ သြစတေးလျ ဒုတိယဝန်ကြီးချုပ် ရစ်ချတ်မာလီးစ်က ပြောပါ တယ်။
“ယူကရိန်းကူညီရေး အပြည်ပြည်ဆိုင်ရာရန်ပုံငွေအဖွဲ့ထံကို ထည့်ဝင်တဲ့ ထောက်ပံ့ငွေတွေဟာ ယူကရိန်းကလို အပ်နေတဲ့ စစ်လက်နက်ပစ္စည်းတွေဝယ်ယူဖို့နဲ့ စစ်မြေပြင်မှာ ချက်ချင်းလိုအပ်တဲ့ပစ္စည်းတွေဝယ်ယူဖို့အတွက် အထောက်အကူပြုသွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ဘဏ္ဍာရေးအကူအညီနဲ့ စစ်လက်နက်ပစ္စည်းအကူအညီတွေအပြင် တခြားလိုအပ်တာမှန်သမျှကိုလည်း သြစ တေးလျနိုင်ငံက ယူကရိန်းကို ဆက်လက်ထောက်ပံ့သွားမှာဖြစ်ကြောင်း သြစတေးလျအစိုးရကပြောပါတယ်။
ဗြိတိန်နိုင်ငံမှာ ယူကရိန်းတပ်ဖွဲ့ဝင်တွေအတွက် ပြုလုပ်နေတဲ့ စစ်သင်တန်းတွေမှာလည်း သြစတေးလျတပ်ဖွဲ့ ဝင်တွေက လေ့ကျင့်သင်ကြားပေးနေပါတယ်။
ဒါ့အပြင် ယူကရိန်းနိုင်ငံအတွက် နည်းဗျူဟာမြောက်အကူအညီတွေနဲ့ လူသားချင်းစာနာထောက်ထားမှုအကူ အညီတွေထောက်ပံ့ပေးဖို့အတွက် သြစတေးလျနိုင်ငံက ၎င်းတို့ရဲ့ E-7A Wedgetail အေဝပ်လေယာဉ်ကို ဂျာမနီမှာ တပ်ဖြန့်ချထားပါတယ်။
အခုနောက်ဆုံးစစ်ရေးအကူအညီပေးရင်းနဲ့ သြစတေးလျနိုင်ငံက “ရုရှားတပ်တွေကို ယူကရိန်းနိုင်ငံက ချက်ချင်း ဆုတ်ခွာဖို့နဲ့ ရုရှားနိုင်ငံကို တောင်းဆိုလိုက်သလို ရုရှားနိုင်ငံရဲ့ အဓိပ္ပာယ်မရှိတဲ့စစ်ပွဲကို ကူညီထောက်ပံ့နေတာ တွေ ရပ်ဆိုင်းဖို့ ဘယ်လာရုစ်နိုင်ငံကို” တောင်းဆိုလိုက်ပါတယ်။
“ရုရှားနိုင်ငံရဲ့ တရားမဝင် ကျင့်ဝတ်ပျက်ပြားတဲ့စစ်ပွဲကို ဆန့်ကျင်ပြီး ယူကရိန်းနိုင်ငံက မိမိကိုယ်မိမိ ခုခံကာ ကွယ်တိုက်ခိုက်ရာမှာ သြစတေးလျအနေနဲ့ ယူကရိန်းနိုင်ငံကို ခိုင်ခိုင်မာမာ ဆက်လက်ထောက်ခံကူညီသွားမှာ ဖြစ်ပါတယ်။” လို့ သြစတေးလျဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘေးနီးစ်က ပြောပါတယ်။
“သတ္တိပြောင်မြောက်တဲ့ယူကရိန်းပြည်သူတွေကို ထောက်ပံ့ဖို့နဲ့ အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတိုင်းရဲ့နယ်စပ် ဒေသတွေ ဘေးကင်းလုံခြုံဖို့၊ မိမိနိုင်ငံရဲ့အနာဂတ်ကို မိမိတို့ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့ အခွင့်အရေးဖြစ်တဲ့ အ ခြေခံမူဝါဒကို ကာကွယ်ဖို့အတွက် ဆောင်ရွက်ရာမှာ ယူကရိန်းနိုင်ငံကို ကျွန်တော်တို့ ထောက်ခံရပ်တည်နေပါ တယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: Australia to Send Additional Funds for Ukrainian Defense against Russia
#PeopleMedia