• Follow Us on
Latest News

Home သြစတေးလျက ယူကရိန်းအတွက် ဒေါ်လာ ၆၅ သန်းကျော် ထောက်ပံ့မည်

သြစတေးလျက ယူကရိန်းအတွက် ဒေါ်လာ ၆၅ သန်းကျော် ထောက်ပံ့မည်

Share this post

နိုင်ငံတကာ၊ ဧပြီ ၃၀

 

ရုရှားကျူးကျော်စစ်ကို ကာကွယ်တိုက်ခိုက်နေတဲ့ယူကရိန်းနိုင်ငံအတွက် သြစတေးလျဒေါ်လာ သန်း ၁၀၀ (ဒေါ်လာ ၆၅.၆ သန်း) ကို သြစတေးလျအစိုးရက ထောက်ပံ့သွားမှာဖြစ်ကြောင်း သိရပါတယ်။

 

ထောက်ပံ့မှုထဲက တစ်ဝက်ကို သြစတေးလျစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းတွေကတစ်ဆင့် ဆက် စပ်ပစ္စည်းတွေနဲ့အတူ စစ်လက်နက်တွေထောက်ပံ့ရေးမှာ သုံးစွဲသွားမှာဖြစ်ပါတယ်။

 

စစ်ဖိနပ်တွေ၊ တိုက်ခိုက်ရေးဦးထုပ်တွေ၊ မျက်နှာဖုံးတွေ၊ ဂျင်နရေတာတွေနဲ့ အမြန်ရေယာဉ်တွေအပါအဝင် နည်း ဗျူဟာမြောက်ပစ္စည်းတွေ ဝယ်ယူဖို့အတွက် သြစတေးလျဒေါ်လာ ၁၅ သန်း (ဒေါ်လာ ၉.၈ သန်း) သုံးစွဲသွားမှာ ဖြစ်သလို ဒရုန်းတွေဝယ်ယူဖို့အတွက် သြစတေးလျဒေါ်လာ သန်း ၃၀ (ဒေါ်လာ ၁၉.၇ သန်း) သုံးစွဲသွားမှာဖြစ် ပါတယ်။

 

ကျန်တဲ့ ရန်ပုံငွေတွေကိုတော့ တာတိုပစ် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေနဲ့ ဝေဟင်-မြေပြင် ပစ်ပဲ့ထိန်းဒုံးကျည်တွေ ဝယ်ယူရာမှာ သုံးစွဲသွားမှာဖြစ်ပါတယ်။

 

၂၀၂၂ ခုနှစ် ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ကတည်းက သြစတေးလျအစိုးရက ယူကရိန်းကို ထောက်ပံ့လာရာ အခုထောက်ပံံ့မှုကြောင့် အစိုးရထောက်ပံ့မှုဟာ သြစတေးလျဒေါ်လာ သန်း ၈၈၀ (ဒေါ်လာ ၅၇၈ သန်း) အထိ မြင့်တက်သွားပြီဖြစ်ကြောင်း သြစတေးလျအစိုးရက ပြောပါတယ်။

 

အခုသီတင်းပတ်အစောပိုင်းအတွင်း ယူကရိန်းဝန်ကြီးချုပ် ဒန်နီးစ်ရှမိုင်ဟယ်နဲ့ ဒုတိယကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး အိုင်ဗန်ဟာဗရင်လီယုတို့နဲ့ ကိယက်ဗ်မြို့မှာ တွေ့ဆုံဆွေးနွေးစဉ် အခုထောက်ပံ့မယ့် စစ် ရေးအကူအညီကို သြစတေးလျကာကွယ်ရေးဝန်ကြီး ရစ်ချတ်မာလီးစ်က ကြေညာလိုက်တာဖြစ်ပါတယ်။

 

ခရီးစဉ်အတွင်း ကာကွယ်ရေးဝန်ကြီးမာလီးစ်ဟာ ယူကရိန်းတပ်သားသစ်လေ့ကျင့်ရေးသင်တန်းတွေကို သွား ရောက်ကြည့်ရှုခဲ့သလို ယူကရိန်းတပ်မတော်အတွက် လက်နက်ခဲယမ်းတွေထောက်ပံ့နေတဲ့ ဒေသတွင်း စစ် လက်နက်ပစ္စည်းထုတ်လုပ်ရေးမိတ်ဖက် ကုမ္ပဏီတွေကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။

 

ဥရောပအရှေ့ပိုင်းမှာ ရုရှားနိုင်ငံရဲ့ရန်လိုမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာဂယက်ရိုက်မှုတွေကို ကိုင်တွယ် ဆောင်ရွက်ဖို့အတွက် ပိုလန်ကာကွယ်ရေးဝန်ကြီး ဝါဒစ်ဆလွတ်ကိုရှီညက်ကာမစ်ဇ်နဲ့ သွားရောက်တွေ့ဆုံဖို့ မာလီးစ်ဟာ ပိုလန်နိုင်ငံကိုလည်း သွားရောက်ခဲ့ပါတယ်။

 

ယူကရိန်းစစ်ပွဲမှာ ခြောက်လကြာ စစ်ရေးအကူအညီနဲ့ လူသားချင်းစာနာမှုအကူအညီတွေထောက်ပံ့ပေးခဲ့တဲ့ တော်ဝင်သြစတေးလျလေတပ်က E-7A Wedgetail အေဝပ် (Airborne early warning and control) လေ ယာဉ်ကို နေရာပေးခဲ့တဲ့အတွက် ကာကွယ်ရေးန်ကြီးမာလီးစ်က ပိုလန်အစိုးရကို ကျေးဇူးတင်စကားပြောပါ တယ်။

 

“ယူကရိန်းစစ်ပွဲမှာ ယူကရိန်းဘက်က ဆက်လက်ကူညီထောက်ပံ့ဖို့ သြစတေးလျအစိုးရက သံန္နိဋ္ဌာန်ချထားဆဲ ဖြစ်ပါတယ်။” လို့ မာလီးစ်က ပြောပါတယ်။

 

“ရုရှားနိုင်ငံရဲ့ အင်အားအလုံးအရင်းနဲ့ ကျူးကျော်တိုက်ခိုက်မှုကို ယူကရိန်းနိုင်ငံနဲ့ ယူကရိန်းပြည်သူတွေ ကြံံ့ကြံ့ ခံဖြတ်ကျော်လာတာ နှစ်နှစ်ကျော်သွားပြီဖြစ်ပေမဲ့ ယူကရိန်းပြည်သူတွေဟာ စိတ်ဓာတ်ခိုင်မာနေဆဲဖြစ်ပါတယ်။

 

ယူကရိန်းနိုင်ငံ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ဖို့အတွက် ပိုလန်အပါအဝင် မိတ်ဖက်နိုင်ငံတွေနဲ့ လက်တွဲဆောင် ရွက်ရတာကို သြစတေးလျနိုင်ငံက ဂုဏ်ယူပါတယ်။” လို့ ကာကွယ်ရေးဝန်ကြီးမာလီးစ်က ပြောပါတယ်။

 

Ref: Australia Announces $65M Military Aid for Ukraine

 

#PeopleMedia


Share this post